ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အသုံးပြုနိုင်မယ့် ရေအောက်ဒေတာစင်တာကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်

ppo.jpg

တရုတ်နိုင်ငံကတော့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အသုံးပြုနိုင်မယ့် ရေအောက်ဒေတာစင်တာကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ အလေးချိန် ၁၄၃၃ တန် ရှိတဲ့ ဒေတာထိန်းသိမ်းခန်းကို ဟိုင်နန်ကျွန်း ကမ်းလွန်ဘက် ရေအောက်အနက် ၃၅ မီတာမှာ တည်ဆောက်ထားတာဖြစ်ပြီး မြေပြင်ဒေတာစင်တာတွေနဲ့နှိုင်းယှဉ်ရင် အအေးခံစနစ်အတွက် စွမ်းအင်အသုံးပြုမှု ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

Shenzhen HiCloud Data Centre Technology က တည်ဆောက်တဲ့ ရေအောက်ဒေတာစင်တာရဲ့ ဒေတာထိန်းသိမ်းခန်းတစ်ခုမှာ ဆာဗာအခန်း ၂၄ ခန်းစီ ထည့်သွင်းနိုင်ပြီး ဆာဗာခန်း တစ်ခုဟာ ဆာဗာ ၅၀၀ အထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သမုဒ္ဒရာရင်းမြစ်တွေကို အသုံးပြုတဲ့စီးပွားရေး (blue economy)အတွက် ၁၄၅ နှစ်ကြာ စီမံကိန်း စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အနာဂတ်ကာလမှာ အဲဒီလို ရေအောက်ဒေတာစင်တာ ၁၀၀ အထိ တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ထားကြောင်း South China Morning Post သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Ref: China launches world’s first commercial underwater data centre in Hainan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top