နွားအုပ်တွေ ပေးပို့ပြီး ကြွေးမြီ ကန်ဒေါ်လာ သန်း ၁၀၀ ဆပ်နေတဲ့ ချက်ဒ်နိုင်ငံ

cow.jpg

အန်ဂိုလာနိုင်ငံကို ပေးဖို့ကျန်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာသန်း ၁၀၀ အတွက် ချက်ဒ်နိုင်ငံက နွားအုပ်တွေ ပေးခဲ့ပါတယ်။ ချက်ဒ်နိုင်ငံက ငွေကြေးလိုအပ်နေပြီး အန်ဂိုလာနိုင်ငံက နွားတွေ လိုအပ်နေတဲ့ အခြေအနေမှာ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ပါတယ်။ ပထမအသုတ်အနေနဲ့ ချက်ဒ်နိုင်ငံကနေ သင်္ဘောနဲ့ တင်ပို့ခဲ့တဲ့ နွားအကောင်ရေ ၁၀၀၀ ကျော်က အန်ဂိုလာနိုင်ငံမြို့တော် လူအန်ဒါမြို့ကို ရောက်ရှိခဲ့ပါတယ်။
အန်ဂိုလာနိုင်ငံဟာ လာမယ့် ၁၀ နှစ်တာအတွင်း ချက်ဒ်နိုင်ငံကနေ စုစုပေါင်း နွားအကောင်ရေ ၇၅၀၀၀ ရရှိမည်ဖြစ်ပြီး နွားတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၁၃၃၃ ဒေါ်လာ ကျသင့်မှာပါ။

ချက်ဒ်နိုင်ငံဟာ အခုလနှောင်းပိုင်းမှာ နောက်ထပ်နွားအကောင်ရေ ၃၅၀၀ ထပ်မံစေလွှတ်မှာပါ။ အန်ဂိုလာနိုင်ငံဟာ မိုးခေါင်ရေရှားမှုဒဏ်ကို မကြာခဏခံစားရလို့ ကျွဲ၊ နွားတိရစ္ဆာန်တွေ အစာရေစာ ငတ်ပြတ်ပြီး သေဆုံးလေ့ရှိပါတယ်။ ချက်ဒ်နိုင်ငံက ပေးပို့တဲ့ နွားတွေကြောင့် အန်ဂိုလာနိုင်ငံရဲ့ မိုးခေါင်ရေရှားတဲ့ ဒေသတွေမှာနွားအကောင်ရေ တိုးပွားလာအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top