ချစ်သူ ဒရမ်တီးခတ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် မိုင်လီ ဆိုင်းရပ်စ် 

marr.jpg

ကမ္ဘာကျော်အဆိုတော် မိုင်လီဆိုင်းရပ်စ် ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဒရမ်တီးခတ်သူ မက်စ် မိုရန်ဒို နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ Palm Springs မြို့မှာ တရားဝင် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် မိုင်လီဟာ အသက် ၂၈ နှစ်အရွယ် Liily Band ရဲ့ ဒရမ်သမားမက်စ် မိုရန်ဒိုနဲ့ သူမရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့မတိုင်မီ နှစ်ရက်အလိုမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Entertainment Tonight ရဲ့ ဖော်ပြချက်အရ အဲ့ဒီမင်္ဂလာအခမ်းအနားကို မိုင်လီရဲ့ မိခင် နဲ့ ညီမငယ် Noah တို့ အပါအဝင် မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်က Blind date တစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြပြီး၊ လွန်ခဲ့တဲ့ တစ်နှစ်ခန့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက Los Angeles မြို့မှာ ကျင်းပတဲ့ “Avatar: Fire and Ash” ပွဲဦးထွက်ပြသမှုမှာ စိန်လက်စွပ်ကို ပြသရင်း သူတို့ရဲ့ စေ့စပ်မှုကို လူသိရှင်ကြား အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆို ချစ်သူသက်တမ်း ၅ နှစ်အနီးမှာ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါပြီ။

Ref: Miley Cyrus marries Liily drummer Maxx Morando in Palm Springs wedding

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top