Viber အက်ပလီကေးရှင်းမှတဆင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား လွယ်ကူလျင်မြန်စွာ ရှာဖွေချိတ်ဆက်သွားနိုင်တော့မည်။
Rakuten Viber သည် ၎င်း၏ Marketplace လုပ်ဆောင်ချက်အား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ Viber အသုံးပြုသူများအနေနှင့် အဆိုပါ အသစ်မိတ်ဆက်လိုက်သည့် Viber Marketplace မှ တဆင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ရှော့ပင်းနှင့် အခြားများစွာသော ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ရောင်းချပေးနေသည့် ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းများစွာအား အလွယ်တကူ ရှာဖွေချိတ်ဆက်သွား နိုင်တော့မည် ဖြစ်သည်။
Viber ၏ ယခင် “Explore” လုပ်ဆောင်ချက်နေရာတွင် အစားထိုးလိုက်သည့် Viber Marketplace သို့ဝင်ရောက်၍ အသုံးပြုသူများ အနေနှင့် ၎င်းတို့အတွက် ကြိုတင်ပြသထားသော လုပ်ငန်းများအနက်မှ ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများအား ရွေးချယ်၍ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်းနာမည်အား သီးသန့်ရိုက်ထည့် ရွေးချယ်၍ဖြစ်စေ – လွယ်ကူလျင်မြန်သောနည်းလမ်း ၃ ခုဖြင့် ကြိုက်နှစ်သက်ရာ စီးပွားရေးလုပ်ငန်းများ အား ရှာဖွေသွားနိုင်မည် ဖြစ်သည်။ ထိုသို့ ရှာဖွေရာတွင် အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များအား မျှဝေစရာ မလိုပဲ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းပရိုဖိုင်များအား ကြည့်ရှုခြင်း၊ ရရှိနိုင်မည့် ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှု များအား ကြည့်ရှုခြင်းအပြင် လုပ်ငန်းများနှင့် တိုက်ရိုက်စာတိုပေးပို့ပြောဆိုခြင်းများကိုလည်း Viber Marketplace မှတဆင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အသုံးပြုသူများအနေနှင့် သိလိုသည့် အကြောင်းအရာ အချက်အလက်များအား ရွေးချယ်၍ ၎င်းတို့နှင့် ကိုက်ညီမှု အရှိဆုံး ထုတ်ကုန်များ (သို့) ဝန်ဆောင်မှုများအား Viber အက်ပလီကေးရှင်း အတွင်း မှတဆင့် အဆင့်အနည်းငယ်မျှဖြင့် လွယ်ကူ လျင်မြန်စွာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။
Viber အသုံးပြုသူများအနေနှင့် Marketplace Tab အား ဝင်ရောက်လိုက်ပြီး ၎င်းတို့ရောက်ရှိနေသည့် တည်နေရာ အတိအကျကို Viber App နှင့် မျှဝေပေးခြင်းဖြင့် တည်နေရာဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများအား အလွယ်တကူ တွေ့ရှိသွားနိုင်မည် ဖြစ်သည်။ အကယ်၍ တည်နေရာအား မျှဝေလိုခြင်းမရှိပါက အသုံးပြုသူများ၏ အကြမ်းဖျင်း တည်နေရာပေါ် မူတည်၍ စီးပွားရေး လုပ်ငန်းများ ပြသပေးသွားမည် ဖြစ်သည်။ အလားတူပင် Viber Marketplace အား မြန်မာနိုင်ငံအတွင်း တစ်နေရာမှတစ်နေရာ သို့ သွားလာနေသည့်အချိန်တွင် အသုံးပြုပါက ရှာဖွေသည့် ရလဒ်များသည်လည်း တည်နေရာအပေါ် မူတည်၍ အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့ပြသပေးရာတွင် Viber Marketplace သည် အသုံးပြုသူများ ရှာဖွေ လိုသည့် ဝန်ဆောင်မှု (သို့) ကုန်ပစ္စည်းအပေါ်မူတည်၍ သင့်တော်မှုအရှိဆုံးနှင့် Viber တွင် Active အဖြစ်ဆုံး စီးပွားရေး လုပ်ငန်းများအား ပြသပေးသွားမည် ဖြစ်သည်။
“မြန်မာနိုင်ငံ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေဟာ များသောအားဖြင့် အွန်လိုင်းအခြေပြု လုပ်ငန်းတွေဖြစ်ကြပြီး ဝယ်ယူအားပေးသူတွေနဲ့ ချိတ်ဆက်ဖို့အတွက် အမျိုးမျိုးသော ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။ Viber ဟာ မြန်မာနိုင်ငံမှာ အသုံးပြုမှုအများဆုံး ထိပ်တန်း ဆက်သွယ်ချိတ်ဆက်မှု ပလက်ဖောင်းတစ်ခု ဖြစ်တာနဲ့အညီ ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝယ်ယူအားပေးသူတွေ အလွယ်တကူ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ပေး သွားနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်” ဟု Rakuten Viber ရဲ့ GM of FinTech and VP of Business Solutions ဖြစ်သူ Ritesh Shah က ပြောကြားခဲ့သည်။
Viber Marketplace အား လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ Viber အသုံးပြုသူများ အားလုံး အသုံးပြုသွားနိုင်မည် ဖြစ်ကာ ပြည်တွင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များအား အလွယ်တကူ ရှာဖွေသွားနိုင်တော့မည် ဖြစ်သည်။ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းသစ်များစွာ သည်လည်း အခမဲ့ Viber Business Accounts များအား နေ့စဉ် အသစ်ဖွင့်လှစ်နေကြသည့်အတွက် အသုံးပြုသူများအနေနှင့် နေ့စဉ်နှင့်အမျှ အသစ် အသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများစွာအား ရှာဖွေတွေ့ရှိသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Rakuten Viber သည် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများနှင့် ဆက်သွယ်နိုင်မည့် အထူးလုပ်ဆောင်ချက် များစွာ ကိုလည်း ဆက်လက်မိတ်ဆက်သွားရန်ရှိကြောင်း ပြောကြားခဲ့သည်။
NZ (ရိုးရာလေး)

