A ကြိုက်ဆုံး ဖျော်ဖြေမှုတွေ ခံစားကြည့်ရှုဖို့အပြင်၊ စာလေ့လာရာမှာနဲ့ အလုပ်လုပ်ရာမှာ Aကောင်းဆုံး လုပ်ဆောင်နိုင်စေမယ့် Galaxy Tab A9 နဲ့ Galaxy Tab A9+ အသစ်

21.11.23-yyl-20.jpg

Samsung Electronics Co., Ltd. ကနေ မကြာသေးခင်ကမှ မိတ်ဆက်ပေးထားတဲ့ ရိုးရှင်းပြီး စတိုင်ကျလှပသလို၊ လူတိုင်းအတွက် အသုံးဝင် အဆင်ပြေနိုင်မယ့် Galaxy Tab A9 Series တက်ဘလက်တွေကို မြန်မာနိုင်ငံစျေးကွက်မှာ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။

သယ်ဆောင်ရလွယ်ကူသလို တောက်ပစိုပြည်တဲ့ မျက်နှာပြင်အရည်အသွေး၊ ကြည်လင်ပြတ်သားတဲ့ အသံ နဲ့ လုပ်ငန်းဆောင်တာများကို တပြိုင်နက်တည်း Multi-Tasking လုပ်ဆောင်နိုင်စေတဲ့ Galaxy Tab A9 နဲ့ Galaxy Tab A9+ ကို အရွယ်အစား နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဖျော်ဖြေရေးနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အကောင်းဆုံး သုံးစွဲမှု အတွေ့အကြုံတွေကို ပေးစွမ်းသွားမှာပဲ ဖြစ်ပါတယ်။

Galaxy Tab A9 Series က ပေးမယ့် A မိုက်ဆုံး သုံးစွဲ၊ ကြည့်ရှုမူ အတွေ့အကြုံ

Galaxy Tab A9 နဲ့ Tab A9+ မှာ ထွက်ခဲ့ဖူးသမျှ Galaxy A စီးရီး တက်ဘလက်တွေထဲ အကြီးဆုံးဖြစ်တဲ့ မျက်နှာပြင် ပါဝင်လာတာဖြစ်ပြီး အရွယ်အစားအားဖြင့် ၈.၇ လက်မနဲ့ ၁၁ လက်မ မျက်နှာပြင်တို့ အသီးသီး ရှိတာပဲ ဖြစ်ပါတယ်။

Galaxy Tab A9+ ဟာ ရုပ်ရှင်ရုံမှာ ကြည့်ရသလို ကောင်းမွန်တဲ့ ရုပ်သံအရည်အသွေးကို ခံစားရနိုင်စေမှာဖြစ်ပြီး 90Hz refresh rate ပါဝင်တဲ့အတွက် ပုံမှန်အသုံးပြုချိန်မှာရော ဂိမ်းကစားချိန်မှာပါ နှေးကွေးလေးလံခြင်း မရှိ၊ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dolby Atmos နဲ့ စပီကာလေးလုံး ပါဝင်တဲ့အတွက် ကောင်းမွန်ကြည်လင်တဲ့ အသံအရည်အသွေးကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ အလွန်လျှင်မြန်တဲ့ 5G ကွန်ရက် ချိတ်ဆက်မှုလည်း ပါဝင်တာကြောင့် ဘယ်နေရာမှာမဆို အသုံးပြုလိုသမျှကို အနှောက်အယှက်ကင်းကင်း သုံးစွဲကြည့်ရှုနိုင်စေမှာပါ။ Galaxy Tab A9 မှာတော့ စပီကာနှစ်လုံးနဲ့ LTE ကွန်ရက်ချိတ်ဆက်မှု ပါဝင်မှာဖြစ်ပါတယ်။

တက်ဘလက်နှစ်ခုလုံးကို တောက်ပ ရိုးရှင်းပြီး စတိုင်လ်ကျတဲ့ ဒီဇိုင်း နဲ့ နူးညံ့တဲ့ ကျောဘက် အဖုံးတို့နဲ့အတူ ပေါ့ပါးကျစ်လစ်ပြီး ကိုင်တွယ်ရလွယ်ကူစေအောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Galaxy Tab A9 နဲ့ Galaxy Tab A9+ ကို ရိုးရှင်းလှပတဲ့ Graphite, Silver နဲ့ Navy အရောင်တွေနဲ့ ရရှိနိုင်မှာပါ။

A ကြမ်းစား Best-in-Class စွမ်းဆောင်ရည်

Galaxy Tab A9 နဲ့ Tab A9+ ဟာ သုံးစွဲသူတွေကို ပိုမို ကောင်းမွန်စွာအသုံးပြုရင်း အလုပ်တွင်စေဖို့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ အမြန်နှုန်းတွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ဖူးတဲ့ Galaxy Tab A series တွေထက် အများဆုံးမမ်မိုရီ နဲ့ ဒေတာသိုလှောင်နိုင်စွမ်း တွေ ပါဝင်တာဖြစ်တဲ့အတွက် စာရွက်စာတမ်းဖိုင်များမှအစ၊ စိတ်ကူးအကြံဉာဏ်တွေ အပါအဝင် သိမ်းဆည်းလိုသမျှကို Galaxy Tab A9 Series မှာ စိတ်တိုင်းကျသိမ်းဆည်းနိုင်မှာပါ။

အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေ တိုးတက်ကောင်းမွန်စေဖို့ တီထွင်ဖန်တီးထားတဲ့ Galaxy Tab A9+ ဟာ Samsung DeX လည်းပါဝင်တာကြောင့် ကွန်ပြူတာတစ်လုံးလို လုပ်ဆောင်ချက်များစွာကို တပြိုင်နက် လုပ်နိုင်စေသလို၊ multi-active window ကလည်း မျက်နှာပြင်ကို ၃ ပိုင်းအထိ ပိုင်းပြီး တပြိုင်တည်း ကြည့်ရှုသုံးစွဲနိုင်စေတာကြောင့် ပိုမိုအလုပ်တွင်ကျယ်စေမှာပဲ ဖြစ်ပါတယ်။

Galaxy Tab A9 Series ရဲ့ မျက်နှာပြင်ကို Screen Recorder နဲ့လည်း မှတ်တမ်းတင်နိုင်တာဖြစ်တဲ့အတွက် အလုပ်လုပ်ချိန်မှာဖြစ်စေ၊ အွန်လိုင်းကတဆင့် စာသင်ကြားရာမှာဖြစ်စေ လိုအပ်တဲ့ အချက်အလက်တွေနဲ့ မှတ်မိလိုသမျှကို မှတ်တမ်းတင် သိမ်းဆည်းနိုင်တာကြောင့် စာလေ့လာနေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့၊ လုပ်ငန်းခွင်က သူတွေအတွက် အလွန်အသုံးဝင်စေမှာပါ။

A တန်ဆုံး စျေးနှုန်းနဲ့ ဝယ်ယူသူများအတွက် အထူးခံစားခွင့်များ

Galaxy Tab A9 Series ကို အောက်ပါ ဈေးနှုန်းတွေအတိုင်း မြန်မာနိုင်ငံမှာ စတင်ဝယ်ယူရရှိနေပြီ ဖြစ်ပါတယ်။

Galaxy Tab A9 (4+64GB) – ၆၇၉,၀၀၀ ကျပ်

Galaxy Tab A9+ (8+128GB) – ၁,၁၃၉,၀၀၀ ကျပ်

အထူးခံစားခွင့်များအနေနဲ့
Galaxy Tab A9 Series တက်ဘလက်တွေကိုဝယ်ယူတဲ့အခါ Cover နဲ့ Tote Bag ကိုပစ္စည်းလက်ကျန်ရှိတဲ့အထိ လက်ဆောင်ရယူနိုင်မှာဖြစ်ပါတယ်။

ဖုန်း (သို့) တက်ဘလက် အဟောင်းနဲ့ Galaxy Tab A9 Series ကို Trade In လုပ်ပြီးလဲလှယ်ဝယ်ယူမယ်ဆိုရင်တော့ ဖုန်း (သို့) တက်ဘလက် အဟောင်းတန်ဖိုးအပြင် Trade In လျှော့ဈေးအနေနဲ့ ထပ်ဆောင်းငွေ ၁ သိန်းကျပ်တိတိကိုလည်း ရယူနိုင်မှာပါ။

ကျောင်းသားကျောင်းသူတွေ ကျောင်းသားကဒ်ပြပြီး ဝယ်ယူမယ်ဆိုရင်တော့ Student Discount ၅ သောင်းကျပ်ကိုလည်း ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

မတော်တဆဖြစ်ပြီး ရှေ့မျက်နှာပြင်ကွဲတာမျိုး ဖြစ်ခဲ့ရင်လည်း ၅၀% သက်သာခွင့်ဖြစ်တဲ့ Samsung Care+ အစီအစဉ်ကိုလည်း ရယူနိုင်ဦးမှာပါ။

အမိုက်စား Feature တွေပါဝင်သလို ဈေးသက်သက်သာသာနဲ့မိတ်ဆက်လာတဲ့ Galaxy Tab A9 Series ကို အထူးခံစားခွင့်များနဲ့အတူ နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top