ကိုယ်တိုင်မောင်း ကားအငှားဝန်ဆောင်မှုလုပ်ငန်း Yoma Car Share က rental hub အသစ်များ ထပ်မံဖွင့်လှစ်

yyl-011-8.jpg

ကိုယ်တိုင်မောင်း ကားအငှားဝန်ဆောင်မှုလုပ်ငန်းကို ဦးဆောင်နေသည့် Yoma Car Share မှ ရန်ကုန်မြို့တွင် လွယ်ကူစွာရှာဖွေနိုင်သည့် rental hub အသစ်များကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများနှင့် အားလပ်ရက်ခရီးသွားလာသူများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှေ့တွင်တည်ရှိသော Yoma Car Share rental hub မှ ကားများကို ငှားရမ်းအသုံးပြု နိုင်သည်။ ရန်ကုန်မြို့တွင်း မော်ဒယ်မြင့်ကားများဖြင့် သွားလာလိုသူများမှာ သာကေတ မြို့နယ် Capital Hypermarket အရှေ့တွင်ရှိသည့် Yoma Car Share Rental Hub မှ ကားများကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းဖြင့် ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် Yoma Car Share မှ sedan, SUVs, minivans နှင့် hatchback ကားများအပါအဝင် အမျိုုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်ပါသည်။ RFID နည်းပညာ၏ အကျိုးကျေးဇူးကြောင့် Yoma Car Share အသုံးပြုသူများသည် membership tap card ဖြင့် နီးစပ်ရာ rental hubs များတွင် အချိန်မရွေး (၂၄ နာရီ ၇ ရက်) ကားများကို သွားရောက်ထုတ်ယူနိုင်သည်။ ထို့ပြင် www.yomacarshare.com တွင် registration ပြုလုပ်နိုင်သသည့်အပြင် မိုဘိုင်းလ် app အသစ်ကို App Store နှင့် Play Store တို့မှတဆင့် download ရယူသုံးစွဲနိုင်ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top