Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုဟာ အရင်ကသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားဘရန်ဒန် ဖရေဆာနဲ့ မင်းသမီးရေချယ်ဝိုက်ဇ်တို့နဲ့ပဲ The Mummy ဇာတ်ကားတွေကို ပြန်လည်အသက်သွင်းနေပါပြီ။ The Mummy နောက်ဆက်တွဲဇာတ်ကားအသစ်ကို Matt Bettinelli-Olpin နဲ့ Tyler Gillett တို့က ရိုက်ကူးမှာဖြစ်ပါတယ်။
ဘရန်ဒန်နဲ့ရေချယ်တို့ဟာ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Mummy မူရင်းဇာတ်ကားမှာကတည်းက ပါဝင်ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ဦးက ဒီဇာတ်ကားအသစ်မှာ ပြန်လည်တွေ့ဆုံကြမှာဖြစ်ပါတယ်။ ရစ်ခ် အို ကွန်နယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဘရန်ဒန်နဲ့ အအီဗလင် ကာနာဟန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရေချယ်တို့ကို ၁၉၉၉ ခုနှစ်ရဲ့ The Mummy ဇာတ်ကားမှာ ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ကြပါတယ်။ မူရင်း Mummy ဇာတ်ကားက ၁၉၂၀ပြည့်နှစ်ဝန်းကျင်အီဂျစ်နောက်ခံထားကာ အက်ရှင်၊ အချစ်နဲ့ သဘာဝလွန်စိတ်လှုပ်ရှားဖွယ်ရာတွေကို ရောနှောထားပြီး ကမ္ဘာ့တစ်ဝှမ်းမှာ ရုံတင်ငွေ ဒေါ်လာ၄၂၂ သန်းကျော်ရရှိခဲ့တာပါ။
လာမယ့်ဇာတ်ကားအသစ်ကတော့ ပြန်လည်ရိုက်ကူးမယ့်ဇာတ်ကားမဟုတ်ပေမဲ့ တတိယမြောက်ဇာတ်ကား The Mummy: Tomb of the Dragon Emperor ရဲ့အဖြစ်အပျက်တွေရှောင်ထားတဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်းကို David Coggeshall က ရေးသားထားပြီး မူရင်းဇာတ်ကား ၃ ကားလုံးကို ထုတ်လုပ်ခဲ့တဲ့ Sean Daniel ကပဲ ပရိုဂျူဆာအဖြစ် ပြန်လာမှာဖြစ်ပါတယ်။
Ref: Brendan Fraser and Rachel Weisz reunite for new ‘Mummy’ sequel
WL (ရိုးရာလေး)

