ရေဘေးကနေထွက်ပြေးလာတဲ့ကျားမက လူနေအိမ်ကအိပ်ရာထဲဝင်အိပ်နေ

67417631_2499760376721534_33244236576980992_n.jpg

ရေဘေးသင့်ချိန်မှာ အာသံပြည်နယ် သားရဲတိရစ္ဆာန်ဥယျာဉ်ကနေထွက်ပြေးလာတဲ့ ကျားမတစ်ကောင်က ဒေသခံနေအိမ်တစ်လုံးထဲဝင်ပြီး အိပ်ရာထဲဝင်လှဲနေခဲ့ပါတယ်။ အဲဒီကျားမဟာ ကာဇီရန်ဂါအမျိုးသားဥယျာဉ်ကနေ လွတ်မြောက်လာတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေမှာ မုတ်သုံမိုးရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ လူအများအပြားသေဆုံးခဲ့ပါတယ်။

ကာဇီရန်ဂါအမျိုးသားဥယျာဉ်မှာလည်း တိရစ္ဆာန် (၉၂) ကောင်သေဆုံးခဲ့ပါတယ်။ ကာဇီရန်ဂါဥယျာဉ်နဲ့ မီတာ (၂၀၀) ကွာဝေးတဲ့အဝေးပြေးလမ်းပေါ်မှာ ကျားမကို ပထမဆုံးတွေ့ရှိခဲ့တာပါ။ အဝေးပြေးလမ်းပေါ်မှာ ယာဉ်အသွားအလာရှုပ်ထွေးလို့ နောက်ပိုင်းမှာ ကျားမက လူနေအိမ်ထဲရောက်လာခဲ့တာပါ။ ကျားတစ်ကောင်ဝင်လာတာတွေ့လိုက်လို့ အဲဒီအိမ်မှာနေတဲ့ တစ်မိသားစုလုံးထွက်ပြေးခဲ့ရပါတယ်။ အိမ်ထဲရောက်ပြီးချိန်မှာ ကျားမက အိပ်ရာထဲဝင်အိပ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကျားမကို နေအိမ်ကနေထွက်ခွာပြီး တောထဲဝင်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top