ကမ္ဘာကျော်အင်္ဂလန်ဘောလုံးသမားဟောင်းဒေးဗစ်ဘက်ခမ်းဟာ ဝင်းဆာရဲတိုက်မှာ ချားလ်ဘုရင်ဆီကနေ သူရဲကောင်းဘွဲ့လက်ခံရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က နန်းတက်ပွဲအခမ်းအနားမှာ ဘက်ခမ်းဟာ သူ့ရဲ့အားကစားနဲ့ပရဟိတလုပ်ငန်းတွေအတွက် ချားလ်ဘုရင်ဆီကနေ သူရဲကောင်းဘွဲ့နဲ့အသိအမှတ်ပြုခံခဲ့ရတာပါ။ အခုလို သူရဲကောင်းဘွဲ့ချီးမြှင့်ခံရတာက သူ့ဘဝရဲ့ဂုဏ်ယူရဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ဘက်ခမ်းက ဆိုထားပါတယ်။
“ကျွန်တော်ရရှိခဲ့တဲ့အရာတွေကို အနိုင်ရရှိခဲံပြီး ကျွန်တော် လုပ်ခဲ့တာတွေကို လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းမှာ အရမ်းကံကောင်းခဲ့ပါတယ်။ ဒီလိုသူရဲကောင်းတစ်ယောက်လို ဂုဏ်ပြုချီးမြှင့်တာကို လက်ခံရတာက ကျွန်တော် ဘယ်တုန်းကမှ မတွေးဖူးတဲ့အရာတွေထက် သာလွန်ပါတယ်။ အရိုးသားဆုံးပြောရရင် လန်ဒန်ရဲ့အရှေ့ဘက်အဆုံးက လူငယ်လေးတစ်ယောက်က Leytonstone မှာ မွေးဖွားခဲ့ပြီး ကမ္ဘာပေါ်မှာ အရေးကြီးဆုံးနဲ့အလေးစားရဆုံးဖြစ်တဲ့ ဘုရင်မင်းမြတ်ရဲ့ဂုဏ်ပြုချီးမြှင့်မှုကို ခံယူဖို့ ဝင်းဆာရဲတိုက်ကို အခုရောက်ရှိနေရပါတယ်။ ဒါက အတော်လေးစိတ်လှုပ်ရှားစရာအချိန်ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ဂုဏ်ယူစရာအကောင်းဆုံးအချစ်ပါပဲ။ သံသယဖြစ်စရာမလိုပါဘူး” လို့ဘက်ခမ်းက ပြောပါတယ်။
ဘက်ခမ်းက ဒီအခမ်းအနားကို ဇနီးဖြစ်သူဗစ်တိုးရီးယားဘက်ခမ်းအပြင် သူ့မိဘတွေနဲ့အတူတက်ရောက်ခဲ့တာပါ။ အခမ်းအနားအတွက် သူ့ဇနီးကိုယ်တိုင် ဖန်တီးချုပ်လုပ်ပေးထားတဲ့ မီးခိုးရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
Ref: David Beckham knighted by King Charles
WL (ရိုးရာလေး)

