ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးတို့တစ်စင်း တိမ်းမှောက်လို့ အနည်းဆုံး လူ ၃၂ ယောက် သေဆုံး

30-6-2020-yyl-008.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့နားမှာ ကူးတို့တစ်စင်း တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေပါတယ်။ Morning Bird ကူးတို့သင်္ဘောဟာ ဘူရီဂင်္ဂါမြစ်ထဲမှာ တခြားသင်္ဘောတစ်စင်းနဲ့တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာလို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံးမြစ်ဆိပ်ဖြစ်တဲ့ ဆာဒါဂါတီမြစ်ဆိပ်နားမှာ အခုလိုဖြစ်ပွားခဲ့တာပါ။ ကူးတို့သင်္ဘောပေါ်မှာ လူ ၅၀ ကျော်လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူအပြည့်အသိပ် တင်ဆောင်တဲ့အတွက် ကူးတို့မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သင်္ဘောကျင်း တော်တော်များများမှာ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ လျော့ရဲပြီး ရာသီဥတု ဆိုးရွားတဲ့အခါ ကူးတို့တွေ မကြာခဏ နစ်မြုပ်လေ့ရှိပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ တိမ်းမှောက်သွားတဲ့ ကူးတို့သင်္ဘောပေါ်ကနေ ရုပ်အလောင်း တော်တော်များများကို အိတ်အဖြူတွေနဲ့ သယ်ဆောင်လာတာ တွေ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top