ချစ်သူမင်းသားနဲ့ လက်ထပ်သွားပြီဖြစ်တဲ့ ထိပ်တန်းမင်းသမီးချော Mai Davika

weding.jpg

မြန်မာပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို အခိုင်အမာရရှိထားတဲ့ နာမည်ကြီးထိုင်းမင်းသမီးချော Mai Davika ဟာ နိုဝင်ဘာ ၉ ရက်နေ့က သူ့ရဲ့ချစ်သူမင်းသားချော Ter Chantavit နဲ့ တရားဝင်လက်ထပ်လိုက်ပါပြီ။ ပရိသတ်တွေက Mai ရဲ့မင်္ဂလာပွဲကို စောင့်ဆိုင်းနေခဲ့တာကြာပါပြီ။ အခုတော့ ပရိသတ်တွေရဲ့ဆန္ဒလေးပြည့်ဝသွားခဲ့ပါတယ်။


Mai က မင်္ဂလာပွဲအခမ်းအနားကို မိသားစု၊ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ သီးသန့်ကျင်းပသွားခဲ့တာဖြစ်ပါတယ်။ Mai နဲ့ Ter တို့ရဲ့မင်္ဂလာနေ့ရက်လေးက နွေးထွေးပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ Mai က အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ လှပကြော့ရှင်းနေပြီး နတ်သမီးပုံပြင်တွေထဲက မင်းသမီးလေးလိုပါပဲ။ Ter ကလည်း အဖြူရောင်နဲ့အနက်ရောင်ရောစပ်ထားတဲ့ သတို့သားဝတ်စုံနဲ့ တည်ကြည်ခန့်ညားလို့နေပါတယ်။


Mai နဲ့ Ter တို့ရဲ့မင်္ဂလာပွဲက သီးသန့်လေးကျင်းပခဲ့တာဖြစ်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ဓာတ်ပုံတွေပျံ့နှံ့လာတဲ့အချိန်မှသာ လက်ထပ်သွားပြီဆိုတာ ပရိသတ်တွေသိခဲ့ရတာဖြစ်ပါတယ်။ Mai တို့စုံတွဲက ချစ်သူသက်တမ်း ၇ နှစ်အကြာ ဇွန်လ ၁၁ ရက်နေ့က စေ့စပ်ခဲ့ကြတာပါ။ Ter က Mai ကို ၁၅ ကာရက်ရှိတဲ့ စိန်လက်စွပ်ကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။


Ref: Mai Davika and Ter Chantavit Officially Tie the Knot in an Intimate Wedding

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top