ရုရှားဟက်ကာတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နာကျင်ခဲ့ရတယ်လို့ ဂျာမနီဝန်ကြီးချုပ် ပြော

14-5-2020-yyl-014.jpg

ရုရှားစစ်တပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ(GRU) ဖြစ်ဖွယ်ရှိတဲ့ ဟက်ကာတွေက သူ့ကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က အတည်ပြုပါတယ်။ ၂၀၁၅ ခုနှစ်က ဆိုက်ဘာတိုက်ခိုက်မှုမှာ သူ့ရဲ့မဲဆန္ဒနယ်ရုံးက အီးမေးလ်တွေကို GRU က ရရှိသွားတယ်ဆိုတဲ့ ဂျာမန်မဂ္ဂဇင်းတစ်စောင်ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ မာကယ်ကို မေးမြန်းခဲ့တာပါ။

” ဒီလုပ်ရပ်က ကျွန်မကို နာကျင်စေပါတယ်။ ခံပြင်းစရာကောင်းတဲ့လုပ်ရပ်ပါ”လို့ မာကယ်က ပြောပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ မာကယ်က ပြောပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဂျာမနီအစိုးရရဲ့ IT ကွန်ရက် ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ အဲဒီတိုက်ခိုက်မှုကလည်း ရုရှားဟက်ကာတွေရဲ့ လက်ချက်လို့ ဆိုကြပါတယ်။ ရုရှားအစိုးရကတော့ ဂျာမန်လွှတ်တော်ရဲ့ အချက်အလက်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top