အီလွန်မာ့စ်ရဲ့ ဒေါ်လာ သန်း ၁၀၀ တန် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ထိုင်းဆယ်ကျော်သက်

17-2-2021-yyl-01.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ အီလွန်မာ့စ်ဟာ လေထဲက ကာဗွန်ဓာတ်ငွေ့ကို ဖယ်ရှားပေးတဲ့ နည်းပညာကို တီထွင်ဖန်တီးယှဉ်ပြိုင်ရမယ့် ဒေါ်လာ သန်း ၁၀၀ တန် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ အနိုင်ရမယ့်သူကို ပြိုင်ပွဲဝင်တွေရဲ့အထိရောက်ဆုံးတီထွင်မှုပေါ်အခြေခံပြီး ရွေးချယ်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ Gainesville International School က အသက် ၁၅ နှစ်အရွယ် အန်သိုနီ ဖီရာချွန် (Anthony Phiyachon) ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးကလည်း ကမ္ဘာကြီးရဲ့လေထုအရည်အသွေးကို တိုးတက်စေချင်တဲ့အတွက် ဒီပြိုင်ပွဲမှာ ပါဝင်မယ်လို့ ကြေညာခဲ့ပြန်ပါတယ်။

အန်သိုနီဟာ အီလွန်မာ့စ်နဲ့ သူ့ရဲ့နည်းပညာကို လေးစားအားကျနေရပြီး အဲဒါက သူ့ကို သူ့ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထိုင်းနိုင်ငံကို အကောင်းဆုံးဖြစ်စေဖို့ တွန်းအားပေးခဲ့တာပါ။ အဲဒါကြောင့် ပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်စေမယ့် တစ်စုံတစ်ခုကို ဖန်တီးဖို့ ကတိကဝတ်ပြုခဲ့တာပါ။ အန်သိုနီက လေထုညစ်ညမ်းမှုကို အစိမ်းရောင်စွမ်းအင်အဖြစ်ပြောင်းလဲစေမယ့် နည်းပညာကို တီထွင်ဖို့ အဆိုပြုထားပါတယ်။ Chiang Rai မြို့မှာ လေထုညစ်ညမ်းမှုပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး ရေရှည်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျပ်အတည်းကို ကြိုသိမြင်ခဲ့တဲ့အတွက် ဒီနည်းပညာကို တီထွင်ဖို့ စိတ်ကူးရခဲ့ပါတယ်။

သူ့ရဲ့နည်းပညာက အဆင့်အနည်းငယ်နဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်တွေအဖြစ် ပြောင်းလဲသွားမယ့် လေထဲက PM 2.5 အမှုန်အမွှားတွေနဲ့ မီသိန်းဓာတ်ငွေ့တွေကို ဖမ်းယူမှာဖြစ်ပါတယ်။ သူလုပ်ဆောင်မယ့်အဆင့်တွေကတော့ စက်ထဲကို ရေအနည်းငယ်ထည့်မယ်။ ပြီးရင် ဓာတ်ပေါင်းဖိုအတွင်း ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရဲ့မြင့်မားသောဖိအားဖြစ်လာဖို့ ထောက်ပံ့ပေးမယ်။ အဲဒီနောက်မှာ အပူနိမ့်ကျပြီး အခိုးအငွေ့မရှိတဲ့ ဟိုက်ဒရိုဂျင်မီးတောက်တွေကို ထုတ်လွှတ်မှာဖြစ်ပါတယ်။


အန်သိုနီက သူ့ရဲ့နည်းပညာနဲ့ အီလွန်မာ့စ်ရဲ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အင်တာနက်အသုံးပြုသူတွေက ဝမ်းမြောက်နေကြပြီး သူဖန်တီးမယ့် နည်းပညာကို မြင်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

Ref: Thai Teenager Joins Elon Musk’s $100 Million Competition For Cleaner Air

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top