စိတ်ကူးထဲကအိမ်လေးဖြစ်အောင် ကွန်တိန်နာ (၁၁) ခုကို အသုံးပြုပြီး ဆောက်လုပ်ခဲ့တဲ့ အမျိုးသား

yyl-010.jpg

လူတော်တော်များများက သူတို့စိတ်ကူးထဲက အိမ်တွေကို ဆောက်လုပ်ဖို့အတွက် စိတ်ကူးဉာဏ် ကိုယ်စီရှိကြပါတယ်။ တချို့က သက်တောင့်သက်သာရှိပြီး အေးအေးချမ်းချမ်းနေလို့ရမယ့် အိမ်မျိုးကို ရွေးချယ်ကြပြီး တချို့ကတော့ ဈေးကြီးတန် အဆောက်အဦးကြီးကို ရွေးချယ်ကြပါတယ်။ ဒါပေမဲ့ လုံးဝကို တစ်ခြားသူတွေနဲ့ မတူတဲ့အိမ်ဖြစ်ဖို့အတွက် ကိုယ်တိုင်ဒီဇိုင်းထွင်ပြီး ဆောက်လုပ်ကြပါတယ်။ အဲဒီလိုပဲ ဝီလ် ဘရိုချ် (Will Breaux) ဆိုတဲ့အမျိုးသားတစ်ဦးက သူများတွေနဲ့မတူအောင် သူ့စိတ်ကူးထဲက အိမ်လေးကို ကိုယ်တိုင်ဒီဇိုင်းထွင် ဆောက်လုပ်ခဲ့ပါတယ်။ အခုဆို သူက အဲဒီအိမ်လေးပိုင်ဆိုင်ရလို့ ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။

သူ့ရဲ့အိမ်အသစ်လေးက ဟူစတန်မြို့ရဲ့ မက်ဂိုဝမ်လမ်းပေါ်မှာ တည်ရှိပါတယ်။ သူ့ရဲ့အိမ်ကို ကွန်တိန်နာ (၁၁) လုံးနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အဲဒီအိမ်က ကြီးကျယ်ဆုံး ဖွဲ့စည်းတည်ဆောက်ပုံမျိုးပါ။ သူက (၃) ထပ်တိုက်အိမ်လေးဖြစ်ဖို့ ကွန်တိန်နာတစ်ခုပေါ် တစ်ခုဆင့်ပြီး ဆောက်ခဲ့တာပါ။ သူက သူ့ရဲ့ကိုယ်ပိုင်အိမ်လေးကို ၂၀၀၀ပြည့်နှစ်လောက်ကတည်းက တည်ဆောက်ချင်ခဲ့တာပါ။ ဒါပေမဲ့ သူလိုချင်တဲ့အိမ်ပုံစံမျိုး ဒီဇိုင်းလုပ်ပေးမယ့်သူကို အချိန်ကြာကြီး ရှာခဲ့ရပါတယ်။ ရှာလို့မရတာနဲ့ သူကိုယ်တိုင်ဒီဇိုင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ကျွန်တော်ကြိုက်ခဲ့တဲ့ ဆောက်လုပ်ပြီးသား ပရောဂျက်တွေကို လေ့လာခဲ့ပါတယ်။ (၃) ထပ်အိမ်ကို ဒီဇိုင်းထွင်ပြီး ဆောက်လုပ်ဖို့အတွက် ဒီဇိုင်နာတစ်ယောက်ကို ကျွန်တော်ငှားခဲ့ပါတယ်။ လအနည်းအငယ်ကြာတော့ ကျွန်တော်လိုချင်တာကို သူတို့မလုပ်ပေးနိုင်တဲ့အတွက် ဆက်မငှားခဲ့ပါဘူး။ ဒါကြောင့်မို့ ၂၀၁၁ခုနှစ်လောက်မှ ကိုယ်ပိုင်အိမ်လေးကို ဆောက်ဖြစ်ခဲ့တာပါ” လို့ ဝီလ်က ဆိုပါတယ်။

ဝီလ်က ကွန်တိန်နာအိမ် ဆောက်ချင်တဲ့စိတ်ကူးက ဟိုအရင်ကတည်းက ရှိခဲ့တာပါ။ ဘာလို့ ကွန်တိန်နာနဲ့ အိမ်ဆောက်ရလဲဆိုပြီး စာဖတ်ပရိသတ်တွေ မေးခွန်းထုတ်ကြမှာပါ။ အဲဒီအတွက် အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ။

ကွန်တိန်နာတွေက သန်မာတယ်၊ မီးဒဏ်ခံနိုင်တယ်၊ အချိန်ကြာကြီးခံနိုင်သလို ဟာရီကိန်းဒဏ်ကိုလည်းခံနိုင်ရည်ရှိတယ်လို့ ဝီလ်က ပြောပါတယ်။ ဝီလ်က ပရောဖက်ရှင်နယ် ဆောက်လုပ်ရေးသမား မဟုတ်တဲ့အတွက် သူ့ရဲ့အိမ်ကို ဆောက်ဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲ ဆိုတာတော့မသိပါဘူး။ ဒါပေမဲ့ သူက ဘယ်လောက်အချိန်ယူရယူရ ဆောက်ဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။

သူ ပထမဆုံးလုပ်ခဲ့တဲ့အရာက အိမ်ရဲ့ 3D ပုံကြမ်းတစ်ခုဖန်တီးဖို့ပါပဲ။ ကွန်တိန်နာတွေနဲ့ အိမ်တစ်လုံးဆောက်လုပ်တာနဲ့ ပတ်သက်တဲ့အရာမှန်သမျှကို အချိန်အကြာကြီး လေ့လာပြီးတဲ့နောက်မှာ ဝီလ်က စွဲမက်ဖွယ်ကောင်းတဲ့ စတုန်းရန်းပေ (၂၅၀၀)နဲ့ အိမ်တစ်လုံးရဲ့ ပိုင်ရှင်ဖြစ်သွားခဲ့ပါတယ်။ အခုဆိုရင် ဝီလ်ရဲ့အိမ်က အားလုံးပြီးလုနီးပါးဖြစ်ပြီး သူ စိတ်ကူးခဲ့တဲ့အတိုင်းပါပဲ။

Ref: Boredpanda “Man Uses 11 Shipping Containers To Build His 2,500 Square Foot Dream House, And The Inside Looks Amazing”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top