နယူးဂျာစီပြည်နယ်က ကျောင်းတစ်ကျောင်းဟာ သူတို့ရဲ့နားမကြားကုထုံးခွေးလေးအတွက် မွေးနေ့ပွဲကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်က လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ Dr. William Mennies Elementary School မှာ မွေးနေ့ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တာပါ။ အသက် ၉ နှစ်အရွယ် Pit Bull ခွေးလေး ကိုးလ်အတွက်ပါ။

ကိုးလ်က မွေးနေ့ခေါင်းဆောင်းလေးကို ဆောင်းထားတဲ့အပြင် ဝတ်စုံပါ ဝတ်ဆင်ထားကာ တွန်းလှည်းပေါ်မှာ ထိုင်နေတာတွေ့ရပါတယ်။ အလယ်တန်းကျောင်းသား/သူတော်တော်များများက ကိုးလ်ရဲ့မွေးနေ့အခိုက်အတန့်အတွက် သီးသန့်သင်ထားတဲ့ လက်ဟန်ပြဘာသာစကားနဲ့ မွေးနေ့သီချင်းသီဆိုပေးခဲ့ကြပါတယ်။ ကိုးလ်ကို ကလေးတွေက ဝန်းရံထားရင်းနဲ့ သီးသန့်ပြင်ဆင်ပေးထားတဲ့မွေးနေ့အစားအစာကြောင့် ကိုးလ် ပျော်ရွှင်လို့နေပါတယ်။

ကိုးလ်ဟာ မွေးရာပါနားမကြားတဲ့ခွေးလေးဖြစ်ပြီး သူ့သခင်နဲ့အတူ ကျောင်းရဲ့ကုထုံးခွေးလေးအဖြစ် လုပ်ကိုင်နေခဲ့တာ ၇ နှစ်ရှိပါပြီ။ ၂၀၂၃ ခုနှစ်မှာ The American Society for the Prevention of Cruelty to Animals (ASPCA) dog of the year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ New Jersey Veterans Memorial Home ရဲ့ နာတာရှည်ရောဂါကုထုံးစေတနာ့ဝန်ထမ်းလည်းဖြစ်ပါတယ်။

Ref: Elementary School Throws Deaf Therapy Dog a Surprise Birthday Party as Students Learn Sign Language to Sing ‘Happy Birthday’
WL (ရိုးရာလေး)

