အပတ်စဉ်တိုင်းမှာ ပေါင် ၁၀၀၀ လောက် ဝင်ငွေရှိနေတဲ့ ၁၁ နှစ်သားလေး

45155985_370875456989756_7686655518852513792_o.jpg

လင်ဒလင်တွန်၊ ဘဒ်ဖို့ဒ်ရှိုင်းရားမှာ နေထိုင်တဲ့ ကလေးငယ်လေးဟာ အပတ်တိုင်း ပေါင် ၁၀၀၀ လောက် ဝင်ငွေရှိနေပါတယ်တဲ့။ ဒီကလေးလေး ဘယ်လို အလုပ် လုပ်လဲဆိုတာ အတိအကျ သိချင်နေမယ်လို့ ထင်ပါတယ်။

ဟင်နရီ ပတ်တာဆွန် (Henry Patterson) ဟာ အသက် ၅ နှစ်မှာ သူရဲ့စီးပွားရေး စိတ်ကူးစိတ်သန်းတွေကို လက်တွေ့စတင်ခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ စီးပွားရေးလုပ်ငန်းလေးကို ၁ ပေါင်တန် မြေဩဇာအိတ်လေးတွေ ရောင်းပြီးတော့ အသက် ၇ နှစ်မှာ စတင်ခဲ့တာပါ။ ဒါဟာ သူ့အိပ်မက်ရဲ့ အစပါပဲ။

မနှစ်ကမှ ‘ဗြိတိန် စွန့်ဦးတီထွင် လုပ်ငန်းရှင်’ ဆုကို ရထားတဲ့ ဟင်နရီဟာ eBay စတိုးမှာ ပစ္စည်းလေးတွေ စပြီး ရောင်းချခဲ့ပါတယ်။ သူရဲ့ အွန်လိုင်းစီးပွားရေးဟာ ကောင်းကောင်းတိုးတက်လာပြီး သူဟာ ‘Not Before Tea’ ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးတောင် ဖွင့်ပြီးပါပြီ။ မကြာသေးခင်က ဟင်နရီဟာ ကလေးတွေအတွက် စာအုပ်နဲ့ ကုန်ပစ္စည်းတွေထုတ်ဖို့ ထောက်ပံ့ကြေးရန်ပုံငွေအဖြစ် သူရဲ့ ကိုယ်ပိုင်ဝင်ငွေထဲက ပေါင် ၁၇၀၀၀ ကို အသုံးပြုခဲ့ပါတယ်။

ဒီလို ချစ်စရာကောင်းပြီး ဥာဏ်ထက်တဲ့ ဟင်နရီဟာ ကုမ္ပဏီပေါင်း ၇၀ ကျော်မှာ သူရဲ့ထုတ်ကုန်တွေကို လက်လီ ရောင်းချခဲ့ပါတယ်။ အခုဆိုရင် ဟင်နရီကုမ္ပဏီရဲ့ နှစ်စဉ် ရောင်းရငွေဟာ ပေါင် ၆၅၀၀၀ ကျော်သွားပါပြီ။ သူဟာ ကလေးတွေရဲ့ YouTube ချန်နယ်ကိုလည်း စတင်တည်ထောင်ခဲ့ပြီး စီးပွားရေးစာအုပ်တွေလည်း ရေးခဲ့ပါတယ်။ Not Before Tea ဆိုတဲ့ နာမည်ကလည်း ကလေးတွေရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ယူကေရဲ့ အမြန်ဆုံးနာမည်ပေါက်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်။

‘စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်လိုသူတွေကို အကြံပေးချင်တာကတော့ ဘယ်လိုဈေးနှုန်းထားရမလဲ၊ ငွေကို ဘယ်လို ကိုင်တွယ်ရမလဲပြီးတော့ ဖောက်သည်တွေကို ဘယ်လို စကားပြောရမလဲ ဒါတွေ သင်ဖို့လိုပါတယ်။ ဒီအရာတွေအားလုံးက အနာဂတ်မှာလည်း လိုလာမှာပဲလေ’ လို့ သူက ပြောခဲ့ပါတယ်။ ‘သတ္တိရှိရမယ်၊ ပြီးတော့ စကားများများပြောတာထက် နားထောင်ရမယ်၊ နောက်ဆုံးတစ်ချက်ကတော့ ဦးဆောင်နိုင်ရပါမယ်’ လို့လည်း ထပ်ပြောခဲ့ပါသေးတယ်။ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြားမှာ ကလေးတွေဟာ သူတို့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားတတ်ကြပါပြီ။ ဟင်နရီဟာ ကလေးတွေကို စောနိုင်သမျှစောစော ငွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ပေးသင့်တယ်လို့ ပြောပါတယ်။

Ref: elitereaders.com “This entrepreneur earns1000 weekly, and he is only 11 year-old”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top