ကော်ဖီဖျော်ဆရာတစ်ဦးရဲ့ ကော်ဖီပေါ်မှာ ဆယ်လီပုံတူတွေ ရေးဆွဲဖန်တီးတဲ့အနုပညာလက်ရာ

yyl-17-048.jpg

ကော်ဖီဖျော်ဆရာတစ်ဦးက ကော်ဖီဖျော်ရင်းနဲ့ နာမည်ကြီးလာမယ်လို့ ဘယ်သူက တွေးမိမှာလဲနော်။ ကော်ဖီဖျော်ဆရာဘရိန်းလို့ လူသိများတဲ့ ဘရိန်း လီယိုနက် (Brian Leonard) ဆိုတဲ့အမျိုးသားက ကော်ဖီဘားတစ်ခုမှာ ကော်ဖီဖျော်ရင်းနဲ့ နာမည်ကြီးသွားပြီး ဆယ်လီတွေနဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။

သူဟာ ကော်ဖီဖျော်တဲ့အခါ ကော်ဖီပေါ်မှာ လှပတဲ့ရှုခင်းပုံတွေ၊ တိရစ္ဆာန်ပုံလေးတွေအပြင် အခြားအရာတွေလည်း ရေးဆွဲဖန်တီးနိုင်ပါတယ်။ သူက ကော်ဖီချစ်သူတွေကို ဘယ်လိုမျိုးဆွဲဆောင်ရမလဲဆိုတာ သိတဲ့သူပါ။ သူက ကော်ဖီပေါ်မှာ ဆယ်လီပုံတူတွေကိုလည်း ရေးဆွဲနိုင်တာကြောင့် မယ်ရီ စထရိ(ပ်) (Meryl Streep) ကတောင် သူ့ကို ပါရမီရှင်လို့ခေါ်ခဲ့ပါတယ်။ ဘရိန်းက ဘယ်ဆယ်လီတွေရဲ့ပုံတူကို ကော်ဖီပေါ်မှာ ရေးဆွဲဖန်တီးခဲ့လဲဆိုတာ စာဖတ်ပရိသတ်တွေ တစ်ချက်လောက်ကြည့်လိုက်ရအောင်..။

ဂျနီဖာ လိုပက်ဇ် (Jennifer Lopez)

အက်ဒီ မာဖီ (Eddie Murphy)

ခရစ္စတင်းစတီးဝပ် (Kristen Stewart)

ဒန်နီရယ် ရက်ကလစ်ဖ် (Daniel Radcliffe)

တင်မိုးသီ ရှားလ်မန်း (Timothée Chalamet)

အက်ဒီ ရက်မိန် (Eddie Redmayne)

ပီတာ ဒင့်လေ့ဂျ် (Peter Dinklage)

မယ်ရီ စထရိ(ပ်) (Meryl Streep)

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top