အဝေးပြေးလမ်းပေါ် ရောက်သွားတဲ့ အီရန်ခရီးသည်တင်လေယာဉ်

iran01.jpg

အီရန်ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ဆင်းသက်ရာမှာ ပြေးလမ်းချော်သွားလို့ အဝေးပြေးလမ်းပေါ်မှာ ရပ်နားခဲ့ရပါတယ်။ မာရှာဟာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုမှာ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၃၆ ယောက်အနက် နှစ်ဦးကတော့ ခြေထောက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ကက်စ်ပီယန် လေကြောင်းလိုင်းရဲ့ McDonnell Douglas MD-83 လေယာဉ်ဟာ တီဟီရန်မြို့ကနေ ပျံသန်းလာခဲ့တာပါ။ လေယာဉ်မှူးက လေယာဉ်ဆင်းသက်ချိန် နောက်ကျခဲ့တဲ့အတွက် ပြေးလမ်း လွဲချော်ခဲ့တာလို့ ပြည်နယ်ဆိုင်ရာ လေကြောင်းပျံသန်းရေး အရာရှိတွေက ပြောပါတယ်။

အဲဒီအတွက် လေယာဉ်ဟာ ပြေးလမ်းအဆုံးကို ကျော်လွန်ပြီး လေဆိပ်ဘေးက အဝေးပြေးလမ်းပေါ် ရောက်သွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ လေယာဉ် နောက်ဘီး ကျိုးပြီး လေယာဉ်ကိုယ်ထည်က လမ်းပေါ်မှာ တရွတ်တိုက်ပွတ်ဆဲမိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ လေကြောင်းပျံသန်းမှုဆိုင်ရာ အန္တရာယ် ကင်းရှင်းမှု မှတ်တမ်း ဆိုးရွားတဲ့ အီရန်နိုင်ငံဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လူ ၆၆ ယောက် သေဆုံးခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top