သဘာဝအရေပြားအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဂျပန်သိပ္ပံပညာရှင်တွေ တီထွင်

skin.jpg

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အရေပြားအစစ်အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ အရေပြားမှာ ချွေးဂလန်း၊ မွေးညှင်းပေါက်၊ အဆီထုတ်ဂလန်းတွေ ပါဝင်တာကြောင့် သဘာဝအရေပြားအတိုင်း အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အရေပြားအစားထိုးမှုနည်းလမ်းမှာတော့ အဲဒီလို စွမ်းဆောင်မှုမျိုး မရှိပါဘူး။

အရေပြားထဲက ချွေးဂလန်းတွေဟာ အပူချိန်ကို လျှော့ချပေးနိုင်ရုံသာမက ပိုးသတ်ပေးနိုင်တဲ့ အက်ဆစ်ဓာတ်ပါ ထုတ်ပေးနိုင်ပြီး ဒဏ်ရာတွေ သက်သာပျောက်ကင်းစေဖို့ အထောက်အပံ့ ဖြစ်စေနိုင်စွမ်း ရှိပါတယ်။

ဒါကြောင့် ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ အရေပြားဟာ လောင်ကျွမ်းဒဏ်ရာ ကုသရေးကနေ ပြန်လည်ပြုပြင်ရေး ခွဲစိတ်ကုသမှုအထိ အရေးပါတဲ့ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်ပြီး လူသန်းပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်မယ်လို့ ထင်ကြေးပေးခံထားရတာပါ။

Ref: Japan Just Grew Real Human Skin — With Working Sweat Glands!

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top