အမေဇုန်မိုးသစ်တောမှာ တစ်မိနစ်တိုင်း ဘောလုံးကွင်းတစ်ကွင်းစာ ခုတ်ထွင်ရှင်းလင်းခံနေရ

65845050_2464425930254979_4186405387638931456_n.jpg

ဂြိုဟ်တုဓာတ်ပုံတွေအရ အမေဇုန် မိုးသစ်တောမှာ တစ်မိနစ်တိုင်း ဘောလုံးကွင်းတစ်ကွင်းစာ ခုတ်ထွင်ရှင်းလင်းခံနေရတယ်လို့ ဖော်ပြထားပါတယ်။ အခုနှစ်အတွင်း သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ သမ္မတ ဘော်ဆိုနာရိုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးထက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလို့ သစ်တောခုတ်ထွင်ရှင်းလင်းခံရမှုနှုန်း ပိုမြင့်တက်လာခဲ့ပါတယ်။ အမေဇုန် မိုးသစ်တောဟာ ကာဗွန်စုပ်ယူမှုအတွက် အရေးပါပြီး ကမ္ဘာကြီး ပူနွေးမှုနှုန်းကို နှေးကွေးစေပါတယ်။

အမေဇုန်တောမှာ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းနေတဲ့ အဓိကအကြောင်းရင်းကတော့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေအတွက် စားကျက်မြေဖန်တီးဖို့ ဖြစ်တယ်လို့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အမေဇုန်မိုးသစ်တောမှာ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းမှုပမာဏဟာ ပြီးခဲ့တဲ့ (၂) လအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ တစ်ဟက်တာဧကလောက် ရှင်းလင်းခံနေရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အရင်အစိုးရတွေ လက်ထက်မှာ သစ်ပင်ခုတ်ထွင်ရှင်းလင်းသူတွေကို ပြည်ထောင်စုအေဂျင်စီတွေက အရေးယူခွင့်ရှိပြီး ဒဏ်ငွေရိုက်နိုင်လို့ ခုတ်ထွင်ရှင်းလင်းခံရမှု လျော့နည်းခဲ့ပေမဲ့ ဘော်ဆိုနာရိုလက်ထက်မှာတော့ အဲဒီလမ်းစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top