ကင်ဝူဘင်းနဲ့ရှင်မင်းအေတို့ရဲ့မင်္ဂလာပွဲအစီအစဉ်မှူးအဖြစ် လီကွမ်ဆူး ဆောင်ရွက်သွားမယ်

mc.jpg

Running Man အစီအစဉ်နဲ့ မြန်မာပရိသတ်တွေ အသည်းစွဲဖြစ်ခဲ့ရတဲ့ မင်းသားလီကွမ်ဆူးဟာ မင်းသားကင်ဝူဘင်းနဲ့မင်းသမီးရှင်မင်းအေတို့ရဲ့မင်္ဂလာပွဲမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လီကွမ်ဆူးက ကင်ဝူဘင်းနဲ့ ရှင်မင်းအေရဲ့မင်္ဂလာပွဲအတွက် MC အဖြစ် ဆောင်ရွက်သွားမှာပါလို့ ကွမ်ဆူးရဲ့အေဂျင်စီ King Kong by Starship က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ကွမ်ဆူးက ကင်ဝူဘင်းနဲ့အတူ “GBRB: Joy Pops Laugh Pops” အစီအစဉ်မှာ ပါဝင်ထားပြီး ဖျော်ဖြေရေးလောကမှာ သူတို့နှစ်ဦးကို ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ် လူသိများပါတယ်။ ကွမ်ဆူးက ၂၀၂၅ ခုနှစ်ရဲ့ Netflix ဇာတ်လမ်းတွဲ Karma မှာလည်း ရှင်မင်းအေနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဝူဘင်းနဲ့ မင်းအေတို့ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မိသာစု၊ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေနဲ့အတူ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်တယ်လို့ နိုဝင်ဘာလအစောပိုင်းမှာ ကြေညာခဲ့တာပါ။

Ref: Lee Kwang Soo To Host Shin Min Ah And Kim Woo Bin’s Wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top