လိင်တူစေ့စပ်ခဲ့တဲ့ဆရာတွေ အလုပ်ထွက်စာတင်ဖို့ တွန်းအားပေးခံခဲ့ရတာကြောင့် ကျောင်းသား/သူတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြ

yyl-029-12.jpg

တချို့လူတွေက မတရားတာကို မြင်ရင် ဒီအတိုင်းကြည့်မနေတတ်ကြပါဘူး။ တရားမမျှတမှုအတွက် ရှေ့ကနေ ရပ်တည်ပေးကြပါတယ်။ အဲဒီလိုပဲ ဆီယက်တယ်မြို့က Kennedy Catholic အထက်တန်းကျောင်းမှာ မတရားမှုအတွက် ကျောင်းသား/ကျောင်းသူတွေ ဆန္ဒပြကန့်ကွက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကျောင်းက ဆရာ (၂) ဦးက သူတို့ရဲ့လိင်တူချစ်သူတွေနဲ့ စေ့စပ်ခဲ့ပြီးတဲ့နောက်မှာ ကျောင်းကနေ နှုတ်ထွက်ဖို့ တွန်းအားပေးခံခဲ့ရတာကြောင့် ကျောင်းသား/သူတွေက ရှေ့ထွက်ပြခဲ့တာဖြစ်ပါတယ်။

Kennedy Catholic အထက်တန်းကျောင်းက အင်္ဂလိပ်ဆရာ ပေါလ် ဒန်ဖို့သ်နဲ့ အားကစားနည်းပြ မီချယ်လ် ဘီတ်တီတို့နှစ်ဦးလုံးဟာ သူတို့ရဲ့လိင်တူချစ်သူတွေနဲ့ စေ့စပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့အလုပ်ကနေ ထွက်ခဲ့ကြတာက တိုက်ဆိုင်မှုတစ်ခုလိုပါပဲ။ ဒန်ဖို့သ်ဟာ နိုဝင်ဘာ ၁ ရက်နေ့က Disneyland မှာ စေ့စပ်ပြီးတဲ့နောက်မှာ ဆရာကို ဆန္ဒအလျောက် အလုပ်ထွက်ဖို့ တွန်းအားပေးခဲ့တဲ့အတွက် မကြာခင် အလုပ်ကထွက်ရတော့မယ်လို့ ဒန်ဖို့သ်ရဲ့လိင်တူချစ်သူက ပြောခဲ့ပါတယ်။

ဒီအကြောင်းကို ကြားတဲ့သူတို့ရဲ့တပည့်တွေက ကျောင်းရဲ့လျှောက်လမ်းမပေါ်မှာ အပြည့်နေရာယူပြီး ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျောင်းရှေ့မြက်ခင်းပြင်မှာလည်း ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့မိဘတွေလည်း ပါဝင်ခဲ့ကြပါတယ်။ သူတို့တွေက ဆရာနှစ်ယောက်လုံး ကျောင်းကနေနှုတ်ထွက်ဖို့ တွန်းအားပေးခံခဲ့ရကြောင်း ဖော်ပြခဲ့ကြပါတယ်။

တကယ်တော့ ဆရာတွေရဲ့အပြုအမူက ခရစ်ယာန်ကျင့်ဝတ်သိက္ခာနဲ့ မသင့်တော်ဘူးဆိုရင် (ဒါမှမဟုတ်) သူတို့ရဲ့အနေအထိုင်က ခရစ်ယာန်အဆုံးအမနဲ့ ကွဲလွဲနေရင် အလုပ်ကို ပြန်လည်ရုပ်သိမ်းလို့ရတဲ့အတွက် ကျောင်းက ဆရာတွေကို စာချုပ်မှာ လက်မှတ်ထိုးစေခဲ့တာဖြစ်ပါတယ်။ တချို့မိဘတွေက ဒီအကြောင်းအရင်းကို သိမြင်ကြတဲ့အတွက် ကျောင်းက တရားမမျှတဘူးလို့ မထင်ခဲ့ကြပါဘူး။ ကျောင်းဘက်ကနေ နားလည်လက်ခံပေးတဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။

ပေါလ် ဒန်ဖို့သ်ရဲ့ချစ်သူ ဆန် အန်ဘာဂျ်ကလည်း ကျောင်းသား/သူတွေက ဒီလိုလုပ်ရပ်မျိုးလုပ်ဖို့ အတော်လေးသတ္တိရှိကြပြီး သူ မြင်ဖူးတဲ့ဆယ်ကျော်သက်ကလေးတွေထက် ပိုသတ္တိရှိတယ်လို့ ပြောပါတယ်။ လိင်တူစေ့စပ်ထားတဲ့ဆရာတွေဘက်ကနေ ရပ်တည်ပြီး ဆန္ဒပြကန့်ကွက်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်တာတော့ အသေအချာပါပဲ။

Ref: Students Leave Classrooms And Sit On The Floor In Protest Against Forced Resignation Of Two Gay Teachers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top