ချစ်သူသက်တမ်း ၂ နှစ်အကြာမှာ ချစ်သူကောင်လေးနဲ့ လမ်းခွဲလိုက်ပြီလို့ သတင်းထွက်နေတဲ့ အဆိုတော်အိုလီဗီယာ ရိုဒရီဂို

break.jpg

အသက် ၂၂ နှစ်အရွယ် အဆိုတော်မင်းသမီး အိုလီဗီယာ ရိုဒရီဂိုဟာ ချစ်သူကောင်လေးမင်းသား လူးဝစ် ပါထရစ်ချ်နဲ့ ချစ်သူသက်တမ်း ၂ နှစ်အကြာမှာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လို့နေပါတယ်။ သူတို့အတွဲဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က လမ်းခွဲခဲ့ကြတာဖြစ်ပြီး သူ့သူငယ်ချင်းတွေကတောင် သူတို့လမ်းခွဲလိုက်တဲ့အပေါ် အံ့အားသင့်နေကြတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သူတို့စုံတွဲအတွက် အခုလိုလမ်းခွဲလိုက်ရတာလွယ်တော့မလွယ်ကူခဲ့ဘူး။ အခုအချိန်မှာတော့ ခွဲနေတာပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သတင်းအရင်းမြစ်တစ်ခုက ဆိုထားပါတယ်။ အဆိုတော်မင်းသမီး လီလီအယ်လန်ရဲ့ပါတီကို အိုလီဗီယာ တက်ရောက်စဉ် လမ်းခွဲလိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောတော့ စိတ်ခံစားချက်မကောင်းဖြစ်ကာ မျက်ရည်ကျခဲ့တယ်။ သူ့သူငယ်ချင်းတွေက သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြပေမဲ့ အတော်လေးခက်ခဲနေတယ်။ အခုအချိန်မှာ အလွန်ဝမ်းနည်းနေတယ်လို့ သတင်းအရင်းအမြစ်တစ်ခု ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အိုလီဗီယာနဲ့ လူးဝစ်တို့ဘက်က တရားဝင်အတည်ပြုလာခြင်းမရှိသေးပါဘူး။ အိုလီဗီယာနဲ့ လူးဝစ်တို့ဟာ ၂၀၂၃ ခုနှစ်မှာ စတွဲခဲ့ကြတာဖြစ်ပါတယ်။

Ref: Olivia Rodrigo and boyfriend Louis Partridge split after two years of dating: report

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top