အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မတားဆီးနိုင်ခဲ့တဲ့နောက် လူစုလူဝေးမလုပ်ရ ဥပဒေကို ထိုင်းအစိုးရ ဖယ်ရှား

22-10-2020-yyl-037.jpg

အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပေမဲ့ ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မတားဆီးနိုင်ခဲ့တဲ့နောက်မှာတော့ ထိုင်းအစိုးရက လူစုလူဝေးလုပ်ခွင့် ပိတ်ပင်ထားတာကို ဖယ်ရှားပေးလိုက်ရပါပြီ။ လူ ၄ ယောက်ထက် ပိုပြီး စုဝေးခွင့်မရှိ၊ ည ၆ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဘူးလို့ အမိန့် ထုတ်ပြန်ထားပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်ချီ ပါဝင်ခဲ့ကြပါတယ်။

ဆိုးရွားတဲ့အခြေအနေကို ဖြေလျှော့ပေးတဲ့အနေနဲ့ အမိန့်ဒီကရီတွေကို ပြန်ရုပ်သိမ်းလိုက်တာလို့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေ ရင်ဆိုင်နေရပါတယ်။ ကျောင်းသားအများအပြား ပါဝင်တဲ့ ဆန္ဒပြသူတွေက အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ထိုင်းဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဝေဖန်သူတွေအပေါ် အနိုင်ကျင့်နေတာကို အဆုံးသတ်ရေး အစရှိတာတွေ တောင်းဆိုထားကြပါတယ်။

ထိုင်းဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ပြီး အခြေခံဥပဒေအောက်မှာ စည်းမျဉ်းခံဘုရင်အဖြစ် ထားရှိဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေရှိနေပြီး အဲဒီဥပဒေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဖိနှိပ်ဖို့ အသုံးပြုနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

Ref: BBC ” Thailand protests: Public gathering ban lifted after days of rallies”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top