ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ဂုဏ်ယူစရာလို့ ဒေါ်နယ်ထရမ့် ပြော

19-5-2020-yyl-031.jpg

အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေခြင်းမှာ ဂုဏ်ယူစရာကောင်းသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၅ သန်းရှိနေပြီး လူ ၉၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

” စကားမစပ်ပြောရရင် ခင်ဗျားတို့ ဒီလိုမေးတယ်ဆိုကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ ရောဂါစစ်ဆေးမှုက တခြားနိုင်ငံတွေထက် ပိုများတယ်ဆိုတာ သိထားမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ ရောဂါပိုးရှိသူ အများကြီးတွေ့တာကို ဆိုးတဲ့ကိစ္စလို့ မမြင်ပါဘူး။
လေးစားမှုရှိရှိ ပြောရရင်တော့ ကောင်းတဲ့ကိစ္စလို့မြင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရောဂါစစ်ဆေးမှုက အများကြီးပိုကောင်းတယ်လေ”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်က အစိုးရအဖွဲ့ ပထမဆုံး အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ငှက်ဖျားနဲ့ အရေပြားလေးဘက်နာရောဂါကို ကုသတဲ့ ဟိုက်ဒရိုဆီကလိုရိုကွင်းဆေးပြားတွေက သောက်ဖို့အတွက် စိတ်မချရဘူးလို့ ပြည်သူ့ကျန်းမာရေးအရာရှိတွေက သတိပေးထားပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ဖို့ အဲဒီဆေးပြားတွေ သောက်နေတာ တစ်ပတ်ခွဲရှိနေပြီလို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top