၂၀၂၄ ခုနှစ်ကတည်းက ရုံတင်ဖို့ ခဏခဏရွှေ့ဆိုင်းနေခဲ့ရတဲ့ မင်းသားအက်ရှေးကူးမားရဲ့ Welcome to the Jungle ဇာတ်ကားဟာဆိုရင် နောက်ဆုံးတော့ ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ နာမည်ကြီးဇာတ်ကား Welcome ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Welcome to the Jungle ဇာတ်ကား ထွက်ရှိမယ့်ရက်ကို ဇန်နဝါရီ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ဒါရိုက်တာ အာမတ် ခန်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင် အက်ရှေးကူးမားအပါအဝင် သရုပ်ဆောင်မင်းသားမင်းသမီး အယောက် ၃၀ ကျော်ပါဝင်ထားတာဖြစ်ပါတယ်။ Welcome ပထမဆုံးဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသားဖိရိုဇ် ခန်း၊ အက်ရှေးကူးမား၊ မင်းသမီးကက်ထရီနာ ကဖ်တို့ပါဝင်ခဲ့ပါတယ်။ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Welcome Back ကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့ပြီး အဲ့ဒီဇာတ်ကားမှာတော့ အက်ရှေးကူးမားနဲ့ကက်ထရီနာ ကဖ်တို့ မပါဝင်ခဲ့ဘဲ မင်းသားဂျွန်အေဘရာဟမ်၊ မင်းသမီးရှရူတီ ဟာဆန်တို့ပါဝင်ခဲ့ပါတယ်။
Ref: Akshay Kumar’s Welcome To The Jungle To Release On June 26
WL (ရိုးရာလေး)

