အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေမှာ လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမယ်

25.8.23-yyl-2.jpg

အိန္ဒိယနိုင်ငံရဲ့မြို့ကြီးတွေမှာ လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲနိုင်အောင် အိန္ဒိယဗဟိုအစိုးရက ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇ ဘီလျံနီးပါး ချထားပေးဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှုမှာ ကားမီးခိုးငွေ့တွေကလည်း အဓိကကျတဲ့ အချက်ဖြစ်နေပြီး ကားမီးခိုးငွေ့တွေကို လျှော့ချနိုင်ဖို့အတွက် လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမှာပါ။

အဲဒီအစီအစဉ်ကို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်အကောင်အထည်ဖော်မှာဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲရာ လမ်းကြောင်းတစ်လျှောက်မှာလည်း အားသွင်းရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အိန္ဒိယလွှတ်တော်ဟာ ပြည်နယ် ၉ ခုမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့အတွက် ရူပီးငွေ သန်း ၃.၂၅ သိန်း တန်ကြေးရှိတဲ့ ရထားလမ်း ၇ လမ်း ဖောက်လုပ်ရေး စီမံကိန်းကိုလည်း အတည်ပြုပေးခဲ့ပါတယ်။

Ref: India Approves $7 Billion For 10,000 Electric Buses to Clean Air in 170 Cities

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top