Country Music တွေကနေတဆင့် အင်္ဂလိပ်စာသင်ယူခဲ့တယ်ဆိုတဲ့ ဂျက်ကီချန်း

chan.jpg

အသက် ၇၂ နှစ်အရွယ် ကိုယ်ခံပညာအကျော်အမောမင်းသားကြီး ဂျက်ကီချန်းဟာ Country Music တွေကတဆင့် အင်္ဂလိပ်စာသင်ယူခဲ့တာပါ။ Country သီချင်းတွေက နှေးတာကြောင့် သီချင်းစာသားတွေကို လိုက်ရွတ်ရတာ ပိုလွယ်ကူခဲ့တယ်လို့ ဂျက်ကီချန်းက ဆိုထားပါတယ်။ ဒီအကြောင်းကို The Kelly Clarkson Show မှာ ပြောပြခဲ့တာပါ။ “Country သီချင်းတွေက နှေးတော့ အဲ့ဒီသီချင်းတွေကနေ အင်္ဂလိပ်စာသင်ယူခဲ့တယ်”လို့ သူက ဆိုပါတယ်။

သူဟာ ၁၉၆၀ ခုနှစ်ကတည်းက တိုက်ခိုက်ရေးကွက်တွေကို လေ့လာခဲ့ရတာကြောင့် လေ့ကျင့်သင်ယူမှုတွေမလိုအပ်ခဲ့ဘူးလို့လည်း ဖွင့်ဟဝန်ခံထားပါတယ်။ “ကျွန်တော် လေ့ကျင့်ဖို့မလိုတော့ဘူး။ ကျွန်တော် ၆၄ နှစ်လုံး နေ့တိုင်း လေ့ကျင့်နေခဲ့ရတာ။ ကျွန်တော် တိုက်ခိုက်နေခဲ့ရတာ”လို့ ဂျက်ကီချန်းက ပြောပါတယ်။

ဂျက်ကီချန်းက Karate Kid: Legends ဇာတ်ကားအသစ်မှာ မစ္စတာဟန်အဖြစ် ပါဝင်ထားပြီး နယူးယောက်က ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ တူဖြစ်သူ လီကို ကိုယ်ခံပညာသင်ကြားပေးသူအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref : Jackie Chan learnt English through country music

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top