ကျောင်းသား ၂ ယောက်မှာ ရောဂါပိုးတွေ့ရှိလို့ တောင်ကိုရီးယား အထက်တန်းကျောင်း ၆၆ ကျောင်းကို နာရီပိုင်းအကြာမှာ ပြန်ပိတ်ခဲ့ရ

21-5-2020-yyl-022.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကတော့ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စာသင်ခန်းတွေထဲကို ပြန်ရောက်လာကြပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းထဲမဝင်ခင် အပူချိန်တိုင်းရပြီး ကျောင်းဝင်းထဲမှာလည်း နှာခေါင်းစည်းတပ်ထားရပါတယ်။ အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ရှိသူတွေ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ စတဲ့ ရောဂါလက္ခဏာရှိသူတွေကို ကျောင်းထဲပေးမဝင်ပါဘူး။ တောင်ကိုရီးယားနိုင်ငံဟာ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးရောဂါ၊ ၂၀၁၅ ခုနှစ်က MERS ရောဂါတွေ ကူးစက်ပျံ့နှံ့ခဲ့တုန်းကလည်း စာသင်ကျောင်းတွေမှာ အလားတူစည်းမျဉ်းတွေ ချမှတ်ခဲ့ဖူးပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေစေဖို့ စာသင်ခုံတွေကို ချဲထားပြီး အကာအရံတွေလည်း ကာထားပါတယ်။ ဆိုးလ်မြို့အနီးမှာရှိတဲ့ အင်ချွန်းမြို့မှာတော့ ကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်းအကြာမှာပဲ ကျောင်းသား ၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတဲ့ သတင်းကြောင့် စာသင်ကျောင်း ၆၆ ကျောင်းကို ပြန်ပိတ်ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့ ကျောင်းသား ၂ ယောက်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကျောင်းလာတက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အစောပိုင်းမှာ သူတို့နဲ့ ထိတွေ့မိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရှိနေမလားဆိုတာ စိုးရိမ်လို့ ကျောင်းတွေ ပြန်ပိတ်လိုက်တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၀၀၀ ကျော်ရှိပြီး လူ ၂၆၄ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top