နပန်းမယ်အဖြစ်ကနေ အနားယူတော့မယ့် The Rock ရဲ့သမီးဖြစ်သူ ဆီမွန်

rock.jpg

The Rock လို့ လူသိများတဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင်ရဲ့သမီးဖြစ်သူ ဆီမွန်ဟာ နပန်းလောကကနေ အနားယူတော့မှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆီမွန်က ၂၀၂၀ ခုနှစ်မှာ WWE ထဲ ဝင်ရောက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ခြေရာအတိုင်းလိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ နပန်းမယ်အဖြစ်က အနားယူမယ့် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ။

သူ အနားယူတော့မယ်ဆိုတာကို ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြောပြခဲ့တာပါ။ “ပြီးခဲ့တဲ့အင်္ဂါနေ့က NXT နဲ့ WWE မှာ ကျွန်မ နောက်ဆုံးပါဝင်ထိုးသတ်မှုပါပဲ။ ကျွန်မရဲ့နပန်းမယ်ဘဝတစ်လျှောက်မှာ အားပေးကြည့်ရှုပံ့ပိုးပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့စာချုပ်ကို သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ချက်က အရမ်းခက်ခဲပါတယ်။ ဒါက ကျွန်မ့ဘဝရဲ့အလှည့်အပြောင်းအသစ်တစ်ခုလည်းဖြစ်ပါတယ်။ Ava (သူ့ရဲ့နပန်းမယ်နာမည်) ဖြစ်ခဲ့တာက ဂုဏ်ယူစရာနဲ့အထူးအခွင့်အရေးတစ်ခုပါပဲ”လို့ ဆီမွန်က ပြောခဲ့ပါတယ်။ ဆီမွန် အနားယူရခြင်းအကြောင်းအရင်းကိုတော့ မသိရပါဘူး။

ဒီသတင်းထွက်မလာခင်က ဖခင်ဖြစ်သူ ဒွိန်းဂျွန်ဆင်ဟာ သူ့ရဲ့အကြီးဆုံးသမီးအတွက် သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ နပန်းမယ်အဖြစ် ရပ်တည်နိုင်ခဲ့လို့ ဂုဏ်ယူနေခဲ့တာပါ။

Ref: Dwayne Johnson’s daughter Simone is retiring from wrestling ring

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top