အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့်လျှောက်သူ ၃၃ သန်းကျော်ရှိလာ

8-5-2020-yyl-011.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃.၂ သန်း ရှိခဲ့ပါတယ်။ အဲဒီအတွက် ပြီးခဲ့တဲ့မတ်လနောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၃၃.၃ သန်းအထိ ရှိလာခဲ့ပါတယ်။ ဒီပမာဏမှာ အမေရိကန်နိုင်ငံ လုပ်သားအင်အားစုရဲ့ ၁၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်း သီတင်းပတ်တစ်ပတ်မှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၆.၉ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်း အမေရိကန်နိုင်ငံရဲ့ တစ်လတာ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းက အလုပ်သမားအင်အားစုရဲ့ ၁၅ ရာခိုင်နှုန်းအထက် ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရလို့ အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု ကိန်းဂဏန်းတွေဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top