မှောင်နေချိန်မှာ ဆေးအဖွဲ့ ရဟတ်ယာဉ်ဆင်းသက်နိုင်ဖို့ ကားမီးတွေ ထိုးပြီး လမ်းပြခဲ့တဲ့ ရွာငယ်လေး

village.jpg

အလာစကာပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ အီဂျီယူဂစ် (Igiugig) ရွာလေးဟာ ရွာသူရွာသားတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဖန်တီးကြံဆမှုတို့အတွက် ဂုဏ်ယူစရာ ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။

အီဂျီယူဂစ်ရွာလေးဟာ လူဦးရေ ၇၀ ပဲ နေထိုင်ပြီး အနီးဆုံးမြို့ကနေ မိုင် ၂၇၀ အထိ အလှမ်းကွာဝေးပါတယ်။ ၂၀၂၀ ပြည့်နှစ်က ကလေးငယ်တစ်ယောက် နာမကျန်းဖြစ်ပြီး အရေးပေါ်ဆေးရုံတင်ဖို့အတွက် ဆေးအဖွဲ့ ရဟတ်ယာဉ် ခေါ်ယူခဲ့ရပါတယ်။ ဒါပေမဲ့ မီးအလင်းရောင် မရှိလို့ ရဟတ်ယာဉ်ဆင်းသက်ဖို့ အခက်တွေ့နေချိန်မှာ ရွာသားတွေက ကားမီးတွေ ထိုးပြီး ရဟတ်ယာဉ်ဆင်းသက်နိုင်အောင် ကြံဆလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လူဦးရေ ၇၀ ပဲ ရှိတဲ့ရွာလေးမှာ မိနစ် ၂၀ အတွင်း ကားအစီးရေ ၂၀ ထွက်လာပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြတာကလည်း အီဂျီယူဂစ်ရွာသူရွာသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: When the runway lights failed, Alaska residents used their car headlights to land a medevac plane

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top