ပျက်စီးနေတဲ့ ရေပိုက်လိုင်းတွေ ပြင်ဆင်ဖို့ ရွှေချောင်းတွေ လှူဒါန်းပေးခဲ့သူ

Osaka-City-Waterworks-Bureau-1068x599-1.jpg

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ပျက်စီးယိုယွင်းနေတဲ့ ရေပိုက်လိုင်းတွေကို ပြင်ဆင်ဖို့ အမည်မဖော်လိုသူတစ်ဦးက ရွှေချောင်းအများအပြား လှူဒါန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ အိုဆာကာမြို့မှ ပိုက်လိုင်းတွေကို စစ်ပြီးခေတ်နောက်ပိုင်း တည်ဆောက်ထားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ရေပိုက် ယိုစိမ့်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ အိုဆာကာမြို့မှာ အစားထိုး လဲလှယ်ဖို့ လိုအပ်တဲ့ ရေပိုက်လိုင်းအရှည်ဟာ မိုင် ၁၆၀ နီးပါးလောက် ရှိနေပြီး ဒီအတွက် ရင်းနှီးမြှုပ်နှံငွေအများအပြား လိုအပ်နေတာပါ။

အဲဒီလိုအပ်ချက်အတွက် အမည်မဖော်လိုသူတစ်ဦးက စုစုပေါင်းအလေးချိန် ၂၁ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်းတွေကို အိုဆာကာမြို့တော်ဝန်ထံ လှူဒါန်းခဲ့တာပါ။ လက်ရှိ ရွှေဈေးနှုန်းအရ လှူဒါန်းခဲ့တဲ့ ရွှေချောင်းတွေရဲ့တန်ဖိုးဟာ ဂျပန်ယန်းငွေ သန်း ၅၆၀ တန်ကြေးရှိပြီး ၁.၂ မိုင် အကွာအဝေးရှိတဲ့ ရေပိုက်လိုင်းကို အစားထိုးလဲလှယ်နိုင်လိမ့်မယ်လို့ သိရပါတယ်။

အိုဆာကာမြို့ရဲ့ မြူနီစီပယ် ရေပိုက်လိုင်းတွေဟာ ဂျပန်နိုင်ငံရဲ့ အခြားမြို့တွေထက် တည်ဆောက်မှု ပိုစောခဲ့တာကြောင့် အခုချိန်မှာ ဟောင်းနွမ်းပျက်စီးနေပြီလို့ အိုဆာကာမြို့တော်ဝန်က ဆိုပါတယ်။

Ref: Osaka Stunned by Anonymous Gift of Gold Bars to Fix Aging Water Pipes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top