အသက် ၆၉ နှစ်အရွယ်ဝါရင့်မင်းသားကြီးတွမ်ဟန့်ခ်စ်ဟာ “Lincoln in the Bardo” ဝတ္ထုကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားအသစ်မှာ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက်သမ္မတ အေဘရာဟမ်လင်ကွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက တွမ်ဟန့်ခ်စ်ရဲ့ Playtone ထုတ်လုပ်ရေးကတဆင့် ထုတ်လုပ်မယ့် Live-action၊ Stop-motion animation ရောနှောရုပ်ရှင်ကားတစ်ကားဖြစ်လာမှာပါ။
သမ္မတလင်ကွန်းရဲ့ဘဝကို ထုတ်ပြဖို့ Stop Motion animation နည်းပညာကိုလည်း အသုံးပြုမယ့် ဒီဇာတ်ကားမှာ တွမ်ဟန့်ခ်စ်က လင်ကွန်းရဲ့ live-action ဗာရှင်းကို သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကိုယ်တိုင်လေ့လာသင်ယူခဲ့တဲ့ ရှေ့နေ လင်ကွန်းဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်း ကျွန်စနစ်ကို ဖျက်သိမ်းပေးသူအဖြစ် လူသိများပါတယ်။ ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း အမေရိကန်ကိုလည်း ဦးဆောင်ခဲ့ပါတယ်။
ဒီရုပ်ရှင်ကားအသစ်မှာ ပြည်တွင်းစစ်အတွင်း အသက် ၁၁ နှစ်နဲ့ သေဆုံးခဲ့ရတဲ့ သားဖြစ်သူ ဝီလ်လီ လင်ကွန်းနဲ့ သူ့ရဲ့ဆက်ဆံရေးကိုလည်း မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ ဒီဇာတ်ကားကို လန်ဒန်မှာ ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Ref: Tom Hanks to portray former US President Abraham Lincoln in new movie
WL (ရိုးရာလေး)

