ယန်း ၁၀၀၀ ယူခဲ့မိလို့ ယန်း ၁၂ သန်းရမယ့် ပင်စင်ခံစားခွင့် ဆုံးရှုံးခဲ့ရတဲ့ ဘတ်စ်ကားယာဉ်မောင်း

bus.jpg

ဂျပန်နိုင်ငံမှ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးဟာ ဘတ်စ်ကားခ ယန်း ၁၀၀၀ ကို ယာဉ်စီးခပုံးထဲမထည့်ဘဲ ယူခဲ့မိတဲ့အတွက် ယန်း ၁၂ သန်း ရရှိမယ့် ပင်စင်ခံစားခွင့် ဆုံးရှုံးသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ကျိုတိုမြို့ ပို့ဆောင်ရေးဗျူရိုမှ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့အညီ ယာဉ်စီးခပုံးထဲ ငွေမထည့်ဘဲ ကိုယ်တိုင်ယူမိခဲ့တာကို ကင်မရာမှတ်တမ်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ လုပ်သက် ၂၉ နှစ်ရှိတဲ့ အဲဒီယာဉ်မောင်းဟာ ဒီဖြစ်ရပ်သာ မဖြစ်ခဲဘူးဆိုရင် ပင်စင်ခံစားခွင့် ယန်း ၁၂ သန်းကျော် ရရှိမှာပါ။

ဒါပေမဲ့ အဲဒီဖြစ်ရပ်ကြောင့် အလုပ်ထုတ်ခံခဲ့ရပြီး ပင်စင်ခံစားခွင့်လည်း ဆုံးရှုံးခဲ့ပါတယ်။ အယူခံတရားရုံးက ကျိုတိုမြို့အာဏာပိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ  ပြင်းထန်လွန်းတယ်လို့  သတ်မှတ်ပြီး ပယ်ဖျက်ပေးခဲ့ပေမဲ့ အထက်တရားရုံးချုပ်ကတော့ ကျိုတိုမြို့ အာဏာပိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

Ref: Bus Driver with Three Decades of Service Loses $84,000 Pension for Stealing $7


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top