သမီးလေးမွေးဖွားလိုက်ပြီဖြစ်တဲ့ PK မင်းသမီး

12-1-2021-yyl02.jpg

PK မင်းသမီးလို့ မြန်မာပရိသတ်တွေ သိထားကြတဲ့ ဘောလိဝုဒ်မင်းသမီးချော အာနူရှကာ ရှာမာ (Anushka Sharma) ဟာ သမီးလေး မွေးဖွားလိုက်ပါပြီ။ အာနူရှကာရဲ့ခင်ပွန်းဖြစ်သူ အားကစားသမား ဗီရက်တ် ကိုလီ (Virat Kohli) က သူတို့ သမီးဦးလေးကို ပိုင်ဆိုင်လိုက်ရပြီဆိုတာကို လူမှုကွန်ယက်ကနေ ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပါတယ်။

ဇနီးဖြစ်သူ အာနူရှကာနဲ့ သမီးလေး (၂) ဦးစလုံး ကျန်းမာတယ်လို့လည်း ပြောထားပါတယ်။ “ဒီကနေ့ ညနေမှာ သမီးလေးပိုင်ဆိုင်လိုက်ပြီဆိုတာကို ပရိသတ်တွေနဲ့ မျှဝေရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော်တို့ကို ချစ်ပေးကြတဲ့၊ ဆုတောင်းပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အာနူရှကာနဲ့ သမီးလေး (၂) ဦးစလုံး ကျန်းမာကြပါတယ်။ ကျွန်တော်တို့ဘဝရဲ့စာမျက်နှာအသစ်ကို စတင်ရတော့မယ်လို့ ခံစားနေရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့အတွင်းရေးကို လေးစားဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။

အာနူရှကာက ရင်သွေးလေးလွယ်ထားရတယ်ဆိုတာကို သူတို့မိသားစုထဲကို မိသားစုဝင်အသစ် ဝင်လာတော့မယ်လို့ ပြောပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ “နောက်ဆိုရင် သူတို့ မိသားစုဝင် ၃ ယောက်ဖြစ်တော့မှာဖြစ်ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီဆို မိသားစုဝင်အသစ်လေး ရောက်လာတော့မှာဖြစ်တယ်”လို့ ရေးသားခဲ့တာပါ။ ဗီရက်တ် ကိုလီ နဲ့ အာနူရှကာ ရှာမာတို့ဟာ ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

အာနူရှကာက ဘောလိဝုဒ်လောကမှာ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပြီး ဝင်ငွေအများဆုံးဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါတယ်။ သူ့ကို အမီရာခမ်းနဲ့အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ PK ဇာတ်ကားနဲ့ လူသိများပါတယ်။ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Zero ဇာတ်ကားမှာလည်း ရှရွတ်ခန်းနဲ့အတူ ပါဝင်ခဲ့ပါတယ်။

Ref: Tribune “Anushka Sharma, Virat Kohli welcome baby girl”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top