“အချစ်လက်စွပ်လေးသက်သေတည်” ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ သိကြတဲ့ ထိုင်းမင်းသမီးချော Mookda Narinrak က ဇာတ်လမ်းတွဲများစွာနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။
ပြီးခဲ့တဲ့နှစ်က Mookdaက ထိုင်းဘောစိတစ်ယောက်နဲ့ စကားပြောနေပြီး အဆင်ပြေတယ်။ သူ့ရဲ့နှလုံးသားလေးက ပန်းရောင်သမ်းနေတယ်လို့ သတင်းထောက်တွေကို အင်တာဗျူးဖြေကြားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ချိုမြိန်တဲ့အခိုက်အတန့်တွေကို မမျှဝေခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလည်း သူတို့စကားပြောနေကြပေမဲ့ ချစ်သူကောင်လေး၊ ကောင်မလေးအဖြစ် တရားဝင်မဖြစ်သေးပါဘူးလို့ Mookdaက အတည်ပြုပေးခဲ့ပါတယ်။
အခုတော့ Mookda က သူ “Single” ပါလို့ ထပ်မံပြောကြားလိုက်ပါပြီ။ မကြာသေးခင်ကမှ သူငယ်ချင်းဖြစ်သူမင်းသမီး Ploy Randapa မျှဝေခဲ့တဲ့ Mookda နဲ စကားစမြည်းပြောထားတဲ့ ဗီဒီယိုမှာ ပြောထားတာပါ။ “ONE31 ရုပ်သံလိုင်းမှာ ပြောင်းအလုပ်လုပ်ပြီးတဲ့နောက်မှာ Mook ကို သဘောကျနေတဲ့ကောင်လေးတွေမရှိဘူးလား”လို့ Ploy က မေးလိုက်တာပါ။ Mookda က သူငယ်ချင်းဘက်ကို ချက်ချင်းလှည့်ပီးတော့ “မရှိဘူး”လို့ ရယ်မောဖြေကြားခဲ့ပါတယ်။ Ploy က “Single” လားလို့လည်း မေးခဲ့ပါတယ်။ Mookda က “ဟုတ်တယ်..Single” လို့ ပြန်ဖြေခဲ့တာပါ။
ပရိသတ်တွေကတော့ Mookda ကို “အချစ်လက်စွပ်လေးသက်သေတည်” ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ မင်းသား Hussawee Pakrapongpisan နဲ့ သဘောတူနေကြတာပါ။ အခုဆို Mookda က Single ဖြစ်တာသေချာတဲ့အတွက် ပရိသတ်တွေက ဆက်ပြီး သဘောတူလို့ ရနေပါပြီ။
Ref: The Actress Mookda Narinrak Reveals She Is Single Now
WL (ရိုးရာလေး)

