ရွှေထက် ၂ ဆ ပိုပြီး တန်ကြေးမြင့်တဲ့ နွားသည်းခြေကျောက်

stone.jpg

တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အလွန်အဖိုးတန်တဲ့ ပါဝင်ပစ္စည်းအဖြစ် သတ်မှတ်ထားတာကြောင့် နွားသည်းခြေကျောက်ဟာ ရွှေထက် ပိုပြီးတန်ကြေးမြင့်မားလျက် ရှိပါတယ်။

သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ကုသဖို့ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ နွားသည်းခြေကျောက်ကို အသုံးပြုလေ့ရှိပါတယ်။ တရုတ်နိုင်ငံမှာ လေဖြတ်ခြင်း ခံစားရသူဦးရေဟာ အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဉ်ရင် ၃ ဆအထိ မြင့်မားနေပြီး တိုင်းရင်းဆေး ဖော်စပ်ရမှု မြင့်တက်လာခြင်းနဲ့အတူ နွားသည်းခြေကျောက် ဝယ်လိုအားကလည်း သိသိသာသာ မြင့်တက်လာပါတယ်။

၂၀၂၅ ခုနှစ်ထက် Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်အရ နွားသည်းခြေကျောက် ၁ အောင်စ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၅၈၀၀ အထိ ရှိနေပြီး (အဲဒီကာလက) ရွှေတန်ဖိုးထက် ၂ ဆ ပိုများပါတယ်။

နွားတွေဟာ သက်တမ်းရင့်လာမှ သည်းခြေကျောက်တည်လေ့ရှိပြီး သားသတ်ရုံတွေကတော့ နွားတွေကို သက်တမ်းနုချိန်မှာပဲ ပေါ်လေ့ရှိတာကြောင့် နွားသည်းခြေကျောက်ဟာ ရှားပါးပစ္စည်း ဖြစ်နေလို့လည်း ဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့တာပါ။

Ref: Cow Gallstones Are Now More Valuable Than Gold
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top