လမ်းလျှောက်တာများလို့ ခြေထောက်ညောင်းကိုက်နေပြီဆိုရင်

11-2-2021-yyl-34.jpg

လမ်းလျှောက်တာများလို့ ခြေထောက်ညောင်းကိုက်နေပါသလား။ အဲဒီနာကျင်မှုတွေပြေလျော့သွားဖို့အတွက် နည်းလမ်းရှာနေတယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတချို့ရှိပါတယ်။ ခြေထောက်က ကြွက်သားတွေနာကျင်တာတွေ ပြေလျော့သွားဖို့အတွက် အောက်မှာ နည်းလမ်းတချို့မျှဝေပေးလိုက်ရပါတယ်။

အပူအိတ်၊ ရေခဲအိတ်ကပ်ပေးပါ

အပူအိတ်ရော၊ ရေခဲအိတ်ရော နှစ်ခုလုံးက ခြေထောက်နာကျင်တာကို သက်သာစေတဲ့နေရာမှာ ထိရောက်မှုရှိနိုင်ပါတယ်။ ဒါပေမဲ့ သင် ရွေးချယ်ကုသတဲ့နည်းက သင့် ဘာလို့နာကျင်ကိုက်ခဲရလဲဆိုတာအပေါ်မူတည်ပါတယ်။ သွေးလည်ပတ်မှုအားနည်းနေတယ်ဆိုရင်တော့ အပူအိတ် (သို့) ရေခဲအိတ်ကပ်ပေးနိုင်ပါတယ်။ ကိုက်ခဲနာကျင်တဲ့နေရာမှာ အပူအိတ်/ ရေခဲအိတ်ကို တင်ထားလိုက်ပါ။ ထိရောက်မှုရှိဖို့အတွက် တစ်နေ့ (၃) ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

ချင်းပြုတ်ရည် (သို့) ချင်းနဲ့ပြုလုပ်ထားတဲ့အဆီ

ချင်း (ဂျင်း) က သဘာဝအလျောက် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တဲ့ Gingerol ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ ခြေထောက်နာကျင်တာကို သက်သာစေဖို့အတွက် နာကျင်ကိုက်ခဲတဲ့နေရာမှာ ချင်းလိမ်းအဆီကို လိမ်းပေးတာ (ဒါမှမဟုတ်) နေ့တိုင်း ချင်းပြုတ်ရည်သောက်ပေးနိုင်ပါတယ်။

ရေနွေးနွေးနဲ့ရေချိုးပြီး အကြောဆန့်ပေးပါ

ရေနွေးနွေးလေးနဲ့ ရေချိုးပြီးတာနဲ့ ဖြည်းဖြည်းသာသာလေး အကြောဆန့်ပေးပါ။ သင့်ခြေထောက်အောက်ပိုင်းနာကျင်တယ်ဆိုရင် ထိုင်နေရင် (သို့) မက်တပ်ရပ်ရင် ခြေချောင်းတွေကို ဆန့်ပေးပါ။ သင့်ခြေထောက် အပေါ်ပိုင်းနာကျင်တယ်ဆိုရင် ခြေချောင်းတွေကို ထိပြီး ကွေးကြည့်ပါ။

ပန်းသီးအရက်ဗင်နီဂါကို သောက်ပေးပါ

ပန်းသီးအရက်ဗင်နီဂါက ခြေထောက်နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခွက်တစ်ခုထဲမှာ ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း တစ်ဝက်) တို့ကို ထည့်ပြီး ရောစပ်လိုက်ပါ။ ပြီးရင် အစာမစားရသေးခင် နေ့တိုင်း သောက်သုံးပေးပါ။ ပန်းသီးအရက်ဗင်နီဂါကို ရေထဲထည့်ပြီး ရေချိုးပေးလို့လည်းရပါတယ်။

Ref: Healthline and HerZindgi
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top