အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

1-4-2020-yyl-018.jpg

အဆုတ်ကိုကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင်ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။

ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။

ကျွန်ုပ်တို့ အဆုတ်သည် နေ့စဉ်နှင့် အမျှ ပတ်ဝန်းကျင်ရှိ အညစ်အကြေးများ၊ အန္တရာယ်ရှိသော အကောင်များ၊ မှိုများ၊ ဖုန်မှုန့်များနှင့် အခြားသော အဆိပ်အတောက်များနှင့် ထိတွေ့နေရပါသည်။ အသက်ရှုလမ်းကြောင်းသည် ထို အညစ်အကြေးများကို နေ့စဉ် ရှင်းထုတ်နေရသော်လည်း လုံလောက်အောင် မရှင်းထုတ်နိုင်ပါ။

အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် သူ့နည်းသူ့ဟန်ဖြင့် အဆုတ်ကို ကျန်းမာစေပါသည်။ အချို့သော အပင်များသည် အဆုတ်ထဲမှ သလိပ်များကို အပြင်သို့ဟန့်ထုတ်ရလွယ်ကူစေပါသည်။ အချို့သည် ပိုးကောင်များမှ ထုတ်လွှတ်သော ဟစ်စတာမင်းဓါတ်ကို နည်းစေခြင်း၊ ဓါတ်တိုးဆန့်ကျင်မှုများကို လျော့နည်းစေခြင်းအားဖြင့် အကျိုးပြုပါသည်။

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

ပင်စိမ်း

ပင်စိမ်းသည် ကောင်းကျိုးများကိုဖြစ်စေပြီး အခြားသော သမားရိုးကျနည်းလမ်းများကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို မဖြစ်စေပါ။ ပင်စိမ်းကို လက်ဖက်ရည်၊ ဆေးရည်များနှင့် တွဲသောက်ခြင်း၊ ပင်စိမ်းဆီများကိုသောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်းနှင့် အသက်၇ှုလမ်းကြောင်းများကိုလည်း ရှင်းလင်းစေပါသည်။

ငှက်ပျောရွက်

ငှက်ပျောရွက်တွင်လည်း ချောင်းဆိုးခြင်းကို ချွဲအမြေးများကို ကျန်းမာစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါသည်ဟု သိပ္ပံ ပညာရှင်များက ဆိုပါသည်။ များစွာသော လေ့လာမှုများအရ ငှက်ပျောရွက်သည် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အဆုတ်ရောင်ခြင်းစသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သက်သာစေပါသည်။ အခြားသော ဆေးပင်များနှင့် မတူသော အချက်မှာ ငှက်ပျောရွက်သည် ချွဲသလိပ်များကို ဟန့်ထုတ်နိုင်စေသောကြောင့် ချောင်းခြောက်ဆိုးနေသော လူနာများကိုလည်း သက်သာစေပါသည်။

တောရှုံးပင်

ထိုအပင်သည် အီတလီအစားအစာများတွင် အများဆုံးထည့်သွင်း အသုံးပြုပါသည်။ ထိုအပင်ထဲတွင် ဟစ်စတာမင်းဓါတ်များကို လျော့နည်းစေသော ဓါတ်များနှင့် ချွဲကျပ်ပျောက်စေသော ဓါတ်များဖြစ်သည့် rosmarinic အက်ဆစ်နှင့် carvacrol အက်ဆစ်တို့ ပါဝင်ပါသည်။ ထိုပြင် ထိုအက်ဆစ်ဓါတ်များသည် အသက်ရှုလမ်းကြောင်းတွင် လေဝင်လေထွက်ကိုလည်း ကောင်းစေပါသည်။ တောရှုံးပင်ကို အဆီအားဖြင့်လည်းကောင်း ဆေးတောင့်အားဖြင့်လည်းကောင်း အမျိုးမျိုးသော ပုံစံများဖြင့် အဆုတ်ကျန်းမာရေးအတွက် အသုံးပြုနိုင်ပါသည်။

ခရမ်းပြာ ပန်းရိုင်းပင်

သုတေသနပြုချက်များအရ ခရမ်းပြာပန်းပင်စားသောမြင်းများသည် အခြားမြင်းများထက်ပိုပြီး အသက်ကောင်းကောင်းရှုနိုင်ကြကြောင်း တွေ့ရပါသည်။ အကြောင်းမှာ ထိုအပင်တွင် ချွဲပျော်စေသော အယ်ကာလီဓါတ်များ ပါဝင်သောကြောင့်ဖြစ်ပါသည်။

ထို့ပြင်ယင်းသည် အက်ဒရီနယ်ဂလင်းမှ Epibephrine ထုတ်လွှတ်မှုကို အားပေးသောကြောင့် အသက်ရှုလမ်းကြောင်းများပွင့်ကာ အသက်ရှုဝစေပါသည်။ ထို့ပြင် ခရမ်းပြာပန်းသည် ကြွက်သားများကို အရောင်ကစေသည့်အတွက် ချောင်းဆိုးပျောက်ဆေးများနှင့် အအေးမိပျောက်ဆေးများတွင် အများဆုံး ထည့်သွင်းအသုံးပြုကြပါသည်။ ထို့ကြောင့် ခရမ်းပြာပန်းရိုင်းပင်သည် အသက်ရှုလမ်းကြောင်းအတွက် ထောက်ပံ့မှုများပေးနိုင်သည့် ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။

နွယ်ချိုမြစ် (Ligusticum porteri)

နွယ်ချိုမြစ်သည် ရော့ကီးတောင်တန်းများတွင် တွေ့ရသော အဖိုးတန်ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ ယင်းကို အမေရိကနိုင်ငံသားများက ယခင်ခေတ်များကတည်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် အသုံးပြုခဲ့ကြပါသည်။ ထိုအပင်သည် ပရုတ်ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများအတွက် အသုံးဝင်သော အပင်မျိုးဖြစ်ပါသည်။

ထိုအပင်၏ သိသာသော အချက်မှာ အဆုတ်သွေးလည်ပတ်မှုကို ကောင်းစေသောကြောင့် အသက်ကို ပြင်းပြင်းရှုနိုင်စေပါသည်။ ထို့ပြင် ရာသီအပြောင်းအလဲတွင်ဖြစ်သော အသက်ရှုလမ်းကြောင်းရောဂါများအတွက်လည်း ကောင်းကျိုးဖြစ်စေပါသည်။

ဆေးဖက်ဝင်အပင်များသည် အဆုတ်အတွက် ကောင်းကျိုးပြုသောကြောင့် ထိုအပင်များကို လက်ဖက်ရည်ကြမ်းဖြင့်ဖြစ်စေ၊ ဆေးတောင့်များ၊ နှာခေါင်းဖြန်းဆေးများပုံစံဖြင့် ဖြစ်စေ ၊ အခြားပုံစံများဖြင့် ဖြစ်စေ မှီဝဲနိုင်ပါသည်။ ဆေးဖက်ဝင်အပင်များသည် ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း မသောက်မီတွင် သင်နှင့် ဓါတ်မတည့်ခြင်းရှိမရှိ အရင် ဆန်စစ်ပြီးမှ သောက်သင့်ပါသည်။

Ref : hellosayarwon

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top