ကမ္ဘာကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးဟာ ၉ ကြိမ်မြောက် ကိန်းနိုင်ငံတကာစီးရီးပွဲတော်မှာ Madame Figaro Rising Star Award ဆုရရှိမယ့်သူအဖြစ် ရွေးချယ်ခံထားရပါတယ်။ သူက ဧပြီ ၂၃ ရက်နေ့ ပြင်သစ်နိုင်ငံ၊ ကိန်းမြို့မှာ ကျင်းပမယ့် ဒီပွဲကို တက်ရောက်မှာဖြစ်ပါတယ်။
The Cannes International Series Festival ရဲ့ပွဲစီစဉ်သူတွေက ဂျီဆူးကို သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုအပေါ် ချီးကျူးခဲ့ပြီး BLACKPINK အဖွဲ့ဝင်အဖြစ်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဂျီဆူးက အင်စတာဂရမ်အကောင့်မှာလည်း ဖော်လိုဝါ သန်း ၈၀ ကျော်ရှိတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
ဂျီဆူးက အဆိုအပြင် ဖက်ရှင်၊ ရုပ်ရှင်အပါအဝင် နယ်ပယ်မျိုးစုံမှာ လွှမ်းမိုးမှုအားကောင်းပြီး သူ့ရဲ့အဆင့်အတန်းကို ပိုမိုခိုင်မာစေခဲ့တယ်လို့လည်း ပွဲစီစဉ်သူတွေက အလေးပေးပြောကြားခဲ့ပါတယ်။Madame Figaro Rising Star Award ကို ဖျော်ဖြေရေးနယ်ပယ်မှာ လွှမ်းမိုးမှုမရှိဆုံးလို့ ယူဆရတဲ့ပုဂ္ဂိုလ်တွေကို ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။
ဂျီဆူးကို တချို့ပရိသတ်တွေက သရုပ်ဆောင်မကောင်းဘူးလို့ ဝေဖန်ပြောဆိုနေကြပေမဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ Boyfriend on Demand ဇာတ်လမ်းတွဲမှာ သူ့ရဲ့ချစ်စရာကောင်းမှုနဲ့ သရုပ်ဆောင်ပိုင်နိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။
၉ ကြိမ်မြောက် Cannes International Series Festival ကို ဧပြီ ၂၃ ရက်နေ့ကနေ ဧပြီ ၂၈ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး တီဗီစီးရီးနယ်ပယ်က နိုင်ငံတကာအနုပညာရှင်တွေ၊ ဖန်တီးရှင်တွေတက်ရောက်မှာဖြစ်ပါတယ်။
Ref: Amid Acting Controversy, Jisoo to Receive Award at Cannes
WL (ရိုးရာလေး)

