အော်စကာဆုရှင်အဆိုတော်၊သီချင်းရေးဆရာ ဘီလီ အိုင်းလစ်ရှ်ဟာ သရုပ်ဆောင်အဖြစ် ခြေလှမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။ သူက စာရေးဆရာမ ဆယ်လ်ဗီးယား ပလက်သ်ရဲ့ ၁၉၆၃ ခုနှစ်ဝတ္ထု The Bell Jar ကို ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ကားမှာ ဇာတ်ဆောင် Esther Greenwood ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ ပြောဆိုဆွေးနွေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါရိုက်တာ ဆာရက်ချ် ပိုလီက ရိုက်ကူးမှာဖြစ်ပြီး ထုပ်လုပ်သူ ဂျွိုင်း ဂေါ်မန်းက Plan B Entertainment၊ StudioCanal တို့နဲ့အတူ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
The Bell Jar က စာရေးဆရာမ ဆယ်လ်ဗီးယားရဲ့တစ်ခုတည်းသောဝတ္ထုဖြစ်ပြီး စာရေးဆရာမရဲ့စိတ်ကျရောဂါနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို အခြေခံခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ရုန်းကန်နေရတဲ့ မိန်းမငယ်လေးအကြောင်းဖြစ်ပါတယ်။ ဒီစာအုပ်ကို နှစ်ပေါင်းများစွာ ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ ပြန်ဆိုခဲ့ပေမဲ့ စာရေးဆရာမကတော့ ဗြိတိန်မှာ ပထမဆုံးထုတ်ဝေပြီး ၁လအကြာမှာတင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
ဒါရိုက်တာ လာရီ ပီဆီဟာ ၁၉၇၉ ခုနှစ်က ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ အခြားသူတွေလည်း ရိုက်ကူးဖို့လုပ်ခဲ့ပေမဲ့ အကောင်အထည်မပေါ်ခဲ့ပါဘူးလို့ သိရပါတယ်။
Ref: Billie Eilish to make movie acting debut in The Bell Jar adaption
WL (ရိုးရာလေး)

