မိမိရဲ့မျက်နှာနဲ့ ပုံစံတူ ပါးစပ် နှာခေါင်းစည်းတွေကို ဖန်တီးချုပ် လုပ်ပေးနေတဲ့ ဒီဇိုင်နာ

18-6-2020-yyl-013.jpg

လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် ကျွန်တော်တို့တွေက အပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းတွေကို အမြဲဝတ်နေကြရတာပါ။ အခုဆိုရင် ကျွန်တော်တို့နေ့စဉ်ဘဝမှာ ပါးစပ်နှာခေါင်းစည်းဝတ်တာ၊ လက်ဆေးတာတွေက နေရာယူလာကြပါပြီ။ ကျွန်တော်တို့တွေ ရောဂါကူးစက်မှုကနေ ကာကွယ်ပေးဖို့အတွက် ပါးစပ်နှာခေါင်းစည်းက အရေးကြီးလှပါတယ်။ ဒါပေမဲ့ ပါးစပ်နှာခေါင်းစည်းကို အမြဲဝတ်နေရတာက ကြာလာတော့ ငြီးငွေ့လာကြရပါတယ်။ ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ထားတဲ့အတွက် မိမိတို့ရဲ့မျက်နှာတွေကိုတောင် အခြားသူတွေမမြင်ရတော့သလို ရှိုးထုတ်လို့တောင်မရတော့ပါဘူး။ အဲဒီလိုမဖြစ်ရအောင် ဒန်နီရယ်လာ ဘတ်စကင် ဆိုတဲ့ အမျိုးသမီးဒီဇိုင်နာတစ်ဦးက မိမိတို့ရဲ့မျက်နှာနဲ့ပုံစံတူ ပါးစပ်နှာခေါင်းစည်းတွေကို ဖန်တီးပြုလုပ်နေပါတယ်။

ဒန်နီရယ်လာက ဆန်ဖရန်စ္စကိုမှာနေထိုင်တဲ့ ထုတ်ကုန်ဒီဇိုင်နာ၊ အထူးပြုလုပ်ချက်ပညာရှင်ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒီကပ်ရောဂါအတွင်း လူတွေကို ပါးစပ်နှာခေါင်းစည်းဝတ်တာနဲ့ မှတ်မိနေစေဖို့ ချည်သား ပါးစပ်နှာခေါင်းစည်းတွေကို ဖန်တီးခဲ့ပါတယ်။ ဒီပါးစပ်နှာခေါင်းစည်းတွေကို အဝတ်လျှောက်စက်နဲ့ လျှော်လို့ရအောင် ချည်သားနဲ့ ချုပ်လုပ်ထားပြီး ဒန်နီရယ်လာက ပါးစပ်နှာခေါင်းစည်းကို ဘယ်လိုရုပ်ပုံနဲ့မဆို၊ သင် ကြိုက်နှစ်သက်တဲ့ လူရဲ့မျက်နှာလိုမျိုး ဖန်တီးပေးပါတယ်။ ဒီပါးစပ်နှာခေါင်းစည်းတွေက ကိုယ့်မျက်နှာကို ပြချင်တဲ့သူတွေအတွက် အဆင်ပြေလောက်မယ်ထင်ပါတယ်။

ဒီပါးစပ်နှာခေါင်းစည်းတွေကို လူတွေကြားထဲမှာ ဝတ်ရဲဖို့တော့လိုပါတယ်။ လူပေါင်းစုံရဲ့ ပြောဆိုမှုတွေကို ခံရနိုင်ပါတယ်နော်။ ဒီဇိုင်နာကိုယ်တိုင်ကိုပဲ ဘားကိုသွားတော့ သူ့ကို သတိပြုမိတဲ့ လူတချို့က မိုက်တယ်လို့ပြောပြီး ရယ်ကြပေမယ့် တချို့ကတော့ သူ့ကို ကြည့်ပြီး ကြောက်နေကြတယ်လို့ ဆိုပါတယ်။ အခုနကပြောသလိုပဲ ပါးစပ်နှာခေါင်းစည်းတွေကို ဘယ်လိုမျက်နှာပုံစံမျိုး၊ ပုံမျိုးမဆိုလုပ်နိုင်ပါတယ်။ ဒန်နီရယ်လာကတော့ လူတော်တော်များများရဲ့ မျက်နှာပုံစံတူပါးစပ်နှာခေါင်းစည်းအပြင် GettyImages အမှတ်အသားပါတဲ့ ပါးစပ်နှာခေါင်းစည်းကိုတောင် ပြုလုပ်ထားပါသေးတယ်။

ဒန်နီရယ်လာက ဒီလိုပါးစပ်နှာခေါင်းစည်းတွေပဲ ဖန်တီးခဲ့တာမဟုတ်ပါဘူး။ facial recognition software နဲ့လုပ်ထားတဲ့ N95 ပါးစပ်နှာခေါင်းစည်းတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်။

Ref: This Woman Makes Face Masks That Look Like Your Face And It’s Both Nice And Creepy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top