လမ်းကူးပေးတဲ့ ဝန်ထမ်းကို ကျောင်းသားမိဘတွေ စုပေါင်းပြီး ကားအသစ်တစ်စီး လက်ဆောင်ပေး

across.jpg

ကျောင်းတက်၊ ကျောင်းဆင်းချိန်မှာ ကျောင်းသား/သူတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ ဆိုင်းဘုတ်ထောင်ပြီး လမ်းကူးပေးတဲ့ ဝန်ထမ်းအမျိုးသမီးကို ကျောင်းသားမိဘတွေ စုပေါင်းပြီး ကားအသစ်တစ်စီး လက်ဆောင်ပေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ရစ်ချာဆန်မြို့ Moss Haven မူလတန်းကျောင်းမှာ လမ်းကူးဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ထရေစီယာဟာ စေတနာပါပါ အလုပ်လုပ်တတ်တာ၊ ဖော်ရွှေပျူငှာတာ၊ ကလေးတွေအပေါ် ချစ်ခင် ဂရုစိုက်တာကြောင့် လူချစ်လူခင် ပေါ်များသူပါ။ မိဘတွေကလည်း လမ်းကူးပေးတဲ့နေရာမှာ ထရေစီယာကို မြင်ရင် သူတို့ သားသမီးတွေအတွက် စိတ်အေးရတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ထရေစီယာဟာ သူ့ကား ပျက်သွားပေမဲ့ အလုပ်တော့ မပျက်ကွက်ခဲ့ပါဘူး။ ဘတ်စ်ကားခ ဈေးကြီးပေမဲ့ ကျောင်းသား/သူတွေကို စိတ်ပူပန်တဲ့ ထရေစီယာက ဘတ်စ်ကားစီးပြီး ကျောင်း လာခဲ့ပါတယ်။ မကြာသေးခင်မှာတော့ ကျောင်းသားဖခင်များအဖွဲ့က ဒီအကြောင်း သိသွားပြီး ထရေစီယာအတွက် ကားဝယ်ပေးဖို့ ငွေကြေး ထည့်ဝင်ခဲ့ကြပါတယ်။

သူတို့ဟာ ထရေစီယာအတွက် အဖြူရောင် ကားသစ်တစ်စီး ဝယ်ယူပေးခဲ့တဲ့အပြင် အာမခံကြေး ပေးသွင်းတာ၊ ဆီဖိုး ပေးတာတွေအထိပါ လုပ်ဆောင်ပေးခဲ့ကြပါတယ်။

Ref: School Dads Surprise Beloved Crossing Guard With A New Car

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top