စင်ကာပူနိုင်ငံက သြစတြေးလျနိုင်ငံသားခရီးသွားတွေကို အလည်အပတ်လာရောက်ခွင့်ပြုတော့မယ်

2-1-2020-yyl-002.jpg

သြစ‌တြေးလျနိုင်ငံဘက်ကနေ နိုင်ငံသားတွေကို အခြားနိုင်ငံကို သွားလာခွင့်ပေးတဲ့အခါကျရင် သြစတြေးလျလူမျိုးတွေ စင်ကာပူနိင်ငံကို အလည်အပတ်လာရောက်လို့ရတော့မှာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ကိုဗစ်ရောဂါဖြစ်ပွားမှုကနေ အခြေအနေကောင်းမွန်နေတဲ့အတွက် နိုင်ငံထဲ ဘယ်သူဝင်ရောက်နိုင်၊ မဝင်ရောက်နိုင်တဲ့ စည်းမျဉ်းတွေကို ဖြေလျော့နေပါပြီ။ သြစတြေးလျလူမျိုးတွေကတော့ စင်ကာပူနိုင်ငံကို အလည်လာလို့ရတဲ့နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ စင်ကာပူနိုင်ငံဟာ ဘရူနိုင်းနဲ့နယူးဇီလန်နိုင်ငံတွေက ခရီးသွားတွေကို ပြီးခဲ့တဲ့လကတည်းက တံခါးဖွင့်ပေးထားပြီးသားဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက သြစတြေးလျနိုင်ငံသားတွေအတွက် အောက်တိုဘာ ၈ ရက်နေ့မှာ အလည်အပတ်လာရောင်ခွင့် ပေးသွားမှာဖြစ်ပါတယ်။

သြစတြေးလျခရီးသွားတွေက နောက်အပတ်ကျ စင်ကာပူနိုင်ငံကို အလည်အပတ်သွားရောက်ချင်ရင် ကိုဗစ်ရောဂါပိုးဆေးစစ်ချက်အတွက် ကိုယ်တိုင်ပိုက်ဆံပေးဆောင်ရပြီး Hotel Quarantine အတွက်လည်း ပိုက်ဆံအကုန်အကျတော့ခံရမှာဖြစ်ပါတယ်။ ဝိတိုရိယ ပြည်နယ်ကတော့ ကိုဗစ်ဒုတိယလှိုင်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အဲဒီပြည်နယ်က လူတွေကိုတော့ လာရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်။ လာရောက်ခွင့်ပြုပေးထားတဲ့ သြစတြေးလျနိုင်ငံသားတွေက လေယာဉ်လက်မှတ်ဘုတ်ကင်တင်တာထက် လုပ်ရမယ့်အရာတွေရှိပါလိမ့်မယ်။ သူတို့တွေက အထူးသီသန့်ခရီးဖြတ်သန်းခွင့်ကိုဘိုကင်တင်တာ၊ စင်ကာပူကို မလာခင် ကိုဗစ်ဆေးစစ်ချက်အတွက် ကိုယ်တိုင်ပေးဆောင်ရတာ၊ သြစတြေးလျပြန်တဲ့အခါ (၂) ပတ်တာ Hotel Quaratine အတွက် ဒေါ်လာထောင်ချီ ငွေထုတ်ပေးရတာတွေ လိုအပ်မှာဖြစ်ပါတယ်။

ခရီးသွားတွေက စင်ကာပူနိုင်ငံကို မသွားရောက်ခင်ကြိုပြီး (၇) ရက်နဲ့ ရက် (၃၀) ကြား Air Travel Pass ကို လျှောက်ထားဖို့ လိုအပ်ပါတယ်။ ပြီးရင် စင်ကာပူကို မရောက်ရှိခင်ကြိုပြီး ကိုဗစ်စစ်ဆေးဖို့အတွက် (၃၀၆) ဒေါ်လာ ပေးဆောင်ရမှာပါ။ Changi Airport မှာ စစ်ဆေးခံရမှာဖြစ်ပြီး ထိတွေ့မိသူကို ခြေရာခံတဲ့ App TraceTogether ကိုလည်း ဒေါင်းလုပ်ဆွဲရမှာဖြစ်ပါတယ်။ ခရီးသွားတွေက ဆေးစစ်အဖြေကို စောင့်ဆိုင်းနေချိန်မှာ ကြိုတင်ဘိုကင်လုပ်ထားတဲ့ဟိုတယ်မှာ သီးခြားနေထိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေက သူတို့ကို ရောဂါလုံးဝကင်းရှင်းတယ်လို့ အကြောင်းကြားတဲ့အထိ သတ်မှတ်ထားတဲ့အဆောက်အအုံကနေ ထွက်သွားခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့နေရပ်ကို ပြန်တဲ့အခါမှာ သြစတြေးလျမှာ ကုန်ကျမယ့် Hotel Quaratine (၂) ပတ်တာအတွက် ဒေါ်လာ ၃၀၀၀ ပေးဆောင်ဖို့လိုအပ်ပါတယ်။

စင်ကာပူနိုင်ငံက နောက်အပတ်ကျရင် ဗီယက်နမ်လူမျိုးတွေကိုလည်း လာရောက်ခွင့်ပြုမယ်လို့လည်း သိရပါတယ်။ စင်ကာပူနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးမွှမ်းနေကြရပါတယ်။ စင်ကာပူနိုင်ငံက ကိုဗစ်ကူးစက်ခံရသူ (၅၇,၀၀၀) နဲ့ သေဆုံးသူ (၂၇) ဦးသာရှိခဲ့ပါတယ်။

Ref: Dailymail “Singapore Is Reopening Their Borders To Australians From Next Week”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top