တကယ်မရှိတဲ့ လေဆိပ်စီမံကိန်းကိုရောင်းပြီး ဒေါ်လာ ၂၄၂ သန်း လိမ်လည်ခဲ့သူ

lie.jpg

ဒါဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး လိမ်လည်မှုတစ်ခုပါပဲ။ နိုင်ဂျီးရီးယားသား အီမန်နျူရယ်နူဒီက သူ့ကိုယ်သူ နိုင်ဂျီးရီးယား ဗဟိုဘဏ်ဥက္ကဋ္ဌအယောင်ဆောင်ပြီး ဘရာဇီးနိုင်ငံမှ ဘန်ကိုနိုရိုစတီဘဏ် (Banco Noroeste) ဒါရိုက်တာ ဆာကာဂူချီကို ဆက်သွယ်ကာ လေဆိပ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးခဲ့တာပါ။ ဒါပေမဲ့ အဲဒီလေဆိပ်စီမံကိန်းက အမှန်တကယ် မရှိပါဘူး။

၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ကြားကာလအတွင်း ဘန်ကိုနိုရိုစတီဘဏ်က ငွေသား ဒေါ်လာ ၁၉၁ သန်း အပါအဝင် စုစုပေါင်း ဒေါ်လာ ၂၄၂ သန်းအထိ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စပိန်ဘဏ်လုပ်ငန်းစု Banco Santander က ဘန်ကိုနိုရိုစတီဘဏ်ကို ဝယ်ယူဖို့ လုပ်ဆောင်ချိန် စာရင်းစစ်တဲ့အခါ ငွေတွေ ပျောက်ဆုံးနေတာ တွေ့ရှိခဲ့ပြီး ပြည်ပဘဏ်အကောင့်တွေထံ ငွေအများအပြား လွှဲပြောင်းထားတာကို တွေ့ရှိခဲ့တာပါ။

၂၀၀၄ ခုနှစ်မှာ အီမန်နျူရယ်နူဒီကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ နျူဒီကို ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Ref: The Nigerian man who sold a fake airport to a Brazilian bank

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top