နော်ဝေနိုင်ငံမှာ ညီမကိုသတ်ပြီး ဗလီထဲဝင်ရောက်ပစ်ခတ်သူကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်

12-6-2020-yyl-015.jpg

မအေတူ ဖအေကွဲ ညီမကို သတ်ပြီး ဗလီထဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားကို ထောင်ဒဏ် ၁၄ နှစ်မပြည့်မချင်း လွတ်ငြိမ်းချမ်းသာခွင့်မရဆိုတဲ့ သတ်မှတ်ချက်အပါအဝင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ မန်ရှက်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက နော်ဝေနိုင်ငံ အော်စလိုမြို့အနောက်ဘက် ဘဲရမ်မြို့မှာရှိတဲ့ အယ်နူရာဗလီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မန်ရှက်က ဗလီထဲမှာ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပေမဲ့ ဘယ်သူတစ်ယောက်မှ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။

အဲဒီနောက်မှာ သူ့ကို ပါကစ္စတန်လေတပ်အရာရှိဟောင်းတစ်ယောက်က ဖမ်းချုပ်နိုင်ခဲ့ပြီး ရဲလက်အပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး အချိန်ပိုင်းအကြာမှာပဲ မန်ရှက်ရဲ့နေအိမ်မှာ မအေတူ ဖအေကွဲ ညီမဖြစ်သူရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။ မန်ရှက်ဟာ ၂၀၁၉ ခုနှစ် မတ်လက နယူးဇီလန်နိုင်ငံ ခရစ္စချာ့ချ်မြို့ဗလီ နှစ်လုံးမှာ ပစ်ခတ်တိုက်ခတ်ခဲ့တဲ့ ဘရင်တန်တာရန့်ကို အားကျအတုယူခဲ့သူဖြစ်ပါတယ်။ မန်ရှက်က ဗလီထဲမှာရှိတဲ့ မွတ်စလင်တွေကို တတ်နိုင်သလောက် များများသတ်ပစ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ တရားသူကြီးက ဖတ်ကြားခဲ့ပြီး ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top