၂၄ နာရီအတွင်း ကြည့်ရှုသူ ၇၁၈ သန်းနဲ့ စံချိန်တင်ခဲ့တဲ့ “Spider-Man: Brand New Day” ရုပ်ရှင်နမူနာ

spider.jpg

“Spider-Man: Brand New Day” ရဲ့ ပထမဆုံးဇာတ်ကားနမူနာဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူ ၇၁၈ သန်းရှိသွားခဲ့တယ်လို့ Sony ရုပ်ရှင်ထုတ်လုပ်ရေးက မတ်လ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဈေးကွက်သုတေသနကုမ္ပဏီ WaveMetrix ရဲ့ဖော်ပြချက်အရ ၈ နာရီအတွင်း ကြည့်ရှုသူ ၃၆၅ သန်းရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က “Deadpool and Wolverine” ရုပ်ရှင်ကားက ကြည့်ရှုသူ ၃၆၅ သန်းစံချိန်ကိုချိုးခဲ့ဖူးပါတယ်။ “Spider-Man: Brand New Day” က ၂၄ နာရီအတွင်း ကြည့်ရှုသူ ၄၇၅ သန်းဖြစ်ခဲ့တဲ့ “Grand Theft Auto V,” ဇာတ်ကားနမူနာကိုလည်း ကျော်တတ်သွားခဲ့တာပါ။

ပင့်ကူလူသားအဖြစ် မင်းသားတွမ်ဟော်လန် ပြန်လာမယ့် ဒီရုပ်ရှင်ကားဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက “No Way Home” ရုပ်ရှင်ရဲ့ စကြဝဠာကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်တွေအပြီး ဇာတ်ကောင်အတွက် အခန်းကဏ္ဍသစ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

ဇာတ်ကားနမူနာကြည့်ရှုရန် – https://www.youtube.com/watch?v=8TZMtslA3UY…

Ref: ‘Spider-Man: Brand New Day’ Sets 24 Hour Trailer Record with 718 Million Views

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top