ကမ္ဘာ့အသက်ကြီးဆုံးသက်ရှိကုန်းနေတိရစ္ဆာန်အဖြစ် ကမ္ဘာဂင်းနက်စ်စံချိန်ဝင်ထားတဲ့ ဂျိုနသန်အမည်ရတဲ့ လိပ်ကြီးဟာ St.Helena ကျွန်းပေါ်မှာ သက်ရှည်ကျန်းမာစွာနဲ့ ရှိနေပါတယ်။ ဂျိုနသန်ဟာ အသက်အားဖြင့် ၁၉၄ နှစ်ရှိပါပြီ။ လိပ်ကြီး သေဆုံးသွားပြီဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းက လိမ်လည်မှုတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်ငွေကြေးအလှူငွေတွေတောင်းခံဖို့ ကြိုးစားနေတဲ့ လူမှုကွန်ယက်အသုံးပြုတစ်ဦးရဲ့လုပ်ရပ်ဖြစ်ပါတယ်။
X အကောင့် (တွစ်တာ) အသုံးပြုသူတစ်ဦးဟာ ဂျိုနသန်ရဲ့တိရစ္ဆာန်ဆရာဝန် ဂျိုး ဟိုလင်စ်အဖြစ် ဟန်ဆောင်ကာ ဧပြီ ၁ ရက်နေ့မှာ ဂျိုနသန်သေဆုံးသွားခဲ့တယ်လို့ ပို့စ်တင်ခဲ့တာပါ။ တကယ့်အစစ်ဆရာဝန်ဂျိုး ဟိုလင်စ်နဲ့ St. Helena ရှိ အာဏာပိုင်တွေက ဂျိုနသန် အသက်ရှင်နေပြီး သူ အနှစ်သက်ဆုံးသွားရည်စာတွေကို ၂ ဆလောက်စားရင်းနဲ့ ပျော်ရွှင်နေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဂျိုနသန်က ၁၈၃၂ ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့တဲ့ ဧရာမလိပ်ကြီးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အသက်ကြီးဆုံးသက်ရှိကုန်းနေတိရစ္ဆာန်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဝင်ခဲ့တာပါ။
Ref: Jonathan, World’s Oldest Tortoise, Is ‘Very Much Alive’ Aged 193 Despite Crypto Death Hoax
WL (ရိုးရာလေး)

