အသက် ၇၂ နှစ်အရွယ်ကျမှ ပထမဆုံးသားဦးလေးကို မွေးဖွားခဲ့သူ

24.8.23-yyl-2.jpg

၄၇ နှစ်ကြာ အတူနေထိုင်လာခဲ့တဲ့ ဇနီးမောင်နှံဟာ အသက်ကြီးမှ ရင်သွေးလေးပိုင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသမီးဖြစ်သူက အိန္ဒိယရဲ့ကလေးမီးဖွားတဲ့အသက်ကြီးဆုံးအမျိုးသမီးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဆရာဝန်တွေက ကိုယ်ဝန်ဆောင်ဖို့ အသက်ကြီးလွန်းတယ်လို့ ပြောခဲ့ပေမဲ့ သူက ကလေးယူဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ ဒယ်ဂျင်ဒါ ကော် ဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့အသက် ၇၂ နှစ်မှာ ကျန်းမာသန်စွမ်းတဲ့ကလေးလေးရဲ့မိခင်ဖြစ်လာခဲ့တာပါ။ အခုဆို ဒယ်ဂျင်ဒါက အသက် ၇၉ နှစ်ရှိပါပြီ။

ဒယ်ဂျင်ဒါနဲ့ မိုဟင်ဒါတို့ဇနီးမောင်နှမက အရမ်း ကလေးလိုချင်နေခဲ့တာပါ။ ဒါက သူတို့ရဲ့အိပ်မက်ဆိုလည်းမမှားပါဘူး။ ၂၀၁၃ ခုနှစ်မှာ ဒယ်ဂျင်ဒါက ဖန်ပြွန်သန္ဓေသားနည်း(IVF) နဲ့ ကလေးယူကြည့်ဖို့အတွက် National Fertility and Test Tube Baby Centre ကို သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဖန်ပြွန်သန္ဓေသားနည်း(IVF) က သူ့အတွက် အလုပ်ဖြစ်ခဲ့ပြီး ကိုယ်ဝန်ရလာခဲ့ပါတယ်။

အစပိုင်းမှာ သားဖွားမီးယပ်ဌာနက ဆရာဝန်တွေဟာ ဒယ်ဂျင်ဒါရဲ့အသက်အရွယ်ကြောင့် ဒီနည်းက အလုပ်ဖြစ်ပါ့မလားလို့ သံသယဖြစ်မိခဲ့ပါတယ်။ ဒယ်ဂျင်ဒါက အရမ်းအားနည်းတဲ့အတွက် ကိုယ်ဝန်ရအောင် ဒီနည်းနဲ့ လုပ်ပေးရမှာကို ရှောင်ဖို့ ဆရာဝန်က အစပိုင်းမှာ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒယ်ဂျင်ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်နဲ့ ကလေးလိုချင်တဲ့ဆန္ဒကို လက်ကိုင်ထားတဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်က နောက်ဆုံးမှာ မှန်ကန်သွားခဲ့ပါတယ်။

ဒယ်ဂျင်ဒါက မိခင်ဖြစ်သွားတဲ့အချိန်မှာ သူ့ရဲ့ပျော်ရွှင်မှုတွေကို ဖုံးကွယ်ထားလို့မရခဲ့ပါဘူး။ သူက “အခု ပျော်ရွှင်စွာ နေထိုင်နိုင်ပြီ။ ကျွန်မရဲ့ဘဝ ပြီးပြည့်စုံပါပြီ”တဲ့။

Ref: A 72-Year-Old Mom Gave Birth to Her First Baby Despite Doctors Saying “She Is Too Old”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top